၂၀. ၁. ၂၀၂၃
Written By Thandar
အိမ်နီးချင်း သက်ကြားအိုနှစ်ယောက်က မတရား အဓမ္မပြုကျင့်ခံရတဲ့ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက မွေးဖွားလာတဲ့ မွေးကင်းစကလေးငယ်လေးကို သရုပ်ဆောင်ခိုင်နှင်းဝေက ခေါ်ယူမွေးစားခဲ့တယ်လို့ သိရပါတယ်။
“ပခုက္ကူဘက်က အသက် ၁၃ နှစ်အရွယ် သမီးလေးကို အိမ်နီးချင်း အသက် ၆၇ နှစ်အရွယ် လူနှစ်ဦးက အကြိမ်ကြိမ် ခြိမ်းခြောက် စော်ကားခံခဲ့ရတာမို့ သားလေးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ဖို့ မဖြစ်နိုင်တော့လို့ ကျွန်မဆီ ဆက်သွယ်အပ်နှံပေးခဲ့ပါတယ်။ တစ်ရက်ပြီးတစ်ရက် စိတ်မကောင်းစရာ၊ ပျော်စရာတွေနဲ့ ဘဝကို လည်ပတ်ဖြတ်သန်းနေရပါတယ်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။
ပခုက္ကူဘက်က မွေးကင်းစကလေးငယ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့က မဖြစ်နိုင်တဲ့အတွက် သရုပ်ဆောင် ခိုင်နှင်းဝေဆီမှာ အကူအညီတောင်းခံလာတာမို့ သူမကိုယ်တိုင် သွားရောက် ခေါ်ယူမွေးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် ခိုင်နှင်းဝေ တည်ထောင်ထားတဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ”က ရင်ခွင်မဲ့ မိဘမဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးလျက်ရှိတဲ့ ဂေဟာတစ်ခုဖြစ်ပါတယ်။
လက်ရှိ ခိုင်နှင်းဝေရဲ့ ဂေဟာမှာ ကလေးငယ်ဦးရေ ၆၉ ဦးခန့်ပြုစုစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။