
MT News
၂၈. ၃. ၂၀၂၅
ကမ္ဘာကျော်ပရီးမီးယားလိဂ်က မြန်မာလူမျိုးအများစုအသည်းစွဲ မန်ချက်စတာယူနိုက်တတ်အသင်းနဲ့ ဘရန့်ဖို့အသင်းတို့က မြန်မာနိုင်ငံမှာ စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီး မြေအောက်အနက် ၆ မိုင်ကျော်အကွာကနေ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အထိ လှုပ်ခတ်ခဲ့မှုကြောင့် သေကြေပျက်စီးမှုများပြားတဲ့အပေါ် ဆုတောင်းမေတ္တာပို့သလာပါတယ်။
မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်း ၆ ခုမှာ ဒီနေ့လှုပ်ခတ်တဲ့ပြင်းအားမြင့်ငလျင်ကြောင့် လူရာချီသေဆုံးရဖွယ်ရှိသလို ဘုရားပုထိုးတွေ၊ လမ်းတွေ၊ တံတားတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ရုံးတွေ၊ ဆေးရုံတွေ၊ ဗလီတွေ ပြိုပျက်ခဲ့မှုအပေါ် မန်ယူအသင်းက မန်ချက်စတာယူနိုက်တက်အသင်းရှိ လူတိုင်း၏ နှလုံးသားသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်ကြောင့် သက်သာခြင်းမရှိသော အခြေအနေတွင်ရှိကြသူများနှင့်အတူ ရှိပါသည်။အားလုံးကို ချစ်ခြင်းမေတ္တာနှင့် ခွန်အားပေးလွှတ်လိုက်ပါတယ်။
လို့ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် ဘရန့်ဖို့အသင်းကလည်း ဘရန့်ဖို့အသင်းနှင့် သက်ဆိုင်သည့် လူတိုင်းဟာ မြန်မာနိုင်ငံမှာ ယနေ့ ကြုံတွေ့ခဲ့ရပြီး ငလျင်ဒဏ်ခံခဲ့ရသည့် လူသားတိုင်းနှင့် အတူတကွ ရှိနေပါတယ်။ အားလုံးအတွက် ကျွန်တော်တို့ ဘရန့်ဖို့ အသင်းမှ ဆုတောင်း မေတ္တာနဲ့ ခွန်အားတွေ ပို့သလိုက်ပါတယ်
လို့ ဆုတောင်းပဏာပြုခဲ့ပါတယ်။