




၂၈. ၃. ၂၀၂၅
Written by Thetttant
ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့လယ်က ဟိုတယ်အောင်ပန်းဟာ ဒီနေ့လှုပ်ခတ်တဲ့ ငလျင်အတွင်း ပြိုကျသွားပြီး ပိတ်မိနေသူတွေထဲက အမျိုးသမီးနှစ်ဦး ရုပ်အလောင်း တွေ့ရှိထားတယ်လို့ ဒေသခံတွေဆီ ကနဦး သိရပါတယ်။
“သေဆုံးသူ အမျိုးသမီး နှစ်ဦးရှိလာ။ ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့များ ဆက်လက်ကယ်ဆယ် ရှာဖွေနေ”လို့ နာရေးကူညီမှုအသင်း – အောင်ပန်းက လူမှုကွန်ရက်မှာ ထုတ်ပြန်ရေးသားထားသလို ကနဦးမှာ ၁၆ ဦး ကယ်ထုတ်ထားနိုင်တယ်လို့လည်း ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
အောင်ပန်းမြို့ရဲ့ခတ္တာ လမ်းမကြီးဘေးက ငါးထပ်ခွဲအမြင့်ရှိတဲ့ ဟိုတယ်အောင်ပန်းဟာ အလုံးစုံ ပြိုကျခဲ့တာဖြစ်ပြီး အပေါ်ဆုံးထပ်တစ်ခုပဲ အကောင်းပကတိကျန်နေသလို ဝန်ထမ်းနဲ့ တည်းခိုသူ ၂၀ အထက် ပိတ်မိနေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပုံစာ။ ဟိုတယ်အောင်ပန်း ယခင်မပြိုကျမီနှင့် ယခုမြင်ကွင်း (ဓာတ်ပုံ – အောင်ပန်း ကုန်စိမ်းပွဲရုံ)