





MT News
၂၈. ၃. ၂၀၂၅
တပ်မတော်စစ်ကြောင်းနှင့် NUG လက်အောက်ခံ မိုးကုတ်ဗျူဟာတို့ ထိတွေ့တိုက်ပွဲဖြစ်သည့် ၇ မိုင်တိုက်ပွဲတွင် မိုးကုတ်ဗျူဟာဘက်မှ PDF ၆ ယောက်သေဆုံးခဲ့သည်ဟု မိုးကုတ်ဗျူဟာ ယနေ့တွင် ဝန်ခံချက်ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ မတ်လ ၈ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနှင့် မိုးကုတ်ဗျူဟာအပါအဝင် အခြားမဟာမိတ် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (၇) မိုင်ထိတွေ့တိုက်ပွဲတွင် မိုးကုတ်ဗျူဟာ စစ်ကြောင်းတစ်ခုတည်းမှ ရဲဘော် နေလင်း၊ရဲဘော် ငဇော်၊ ရဲဘော် ပေတူး၊ ရဲဘော် ရွှေငါး၊ရဲဘော် Solo Sai၊ ရဲဘော် Stone တို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုသေဆုံးမှုကို ယနေ့မှသာ ထုတ်ပြန်ခြင်းဖြစ်သည်။



အဆိုပါ တိုက်ပွဲအတွင်း မိုးကုတ်ဗျူဟာမှ PDF ၆ ဦးအပြင် တခြားသော PDF စစ်ကြောင်းများမှလည်း သေဆုံးမှုအများအပြားရှိသည်ဟု ကြားသိရသော်လည်း အခြားသော PDF အဖွဲ့များကမူ ထိုတိုက်ပွဲအတွင်း PDF သေဆုံးမှုများကို ထုတ်ပြန်လာကြခြင်း မရှိသေးချေ။