
MT News
၂၈. ၃. ၂၀၂၅
စစ်ကိုင်းပြတ်ရွေ့နိုးထမှုလို့ဆိုတဲ့ စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့်ငလျင်ကြောင့် မန္တလေးဟာ နန်းမြို့ရိုး၊ လေဆိပ်၊ ဘုရားပုထိုး၊ နေအိမ်ပြိုပျက်မှုများပြားခဲ့ပါတယ်။

ဒီအထဲမှာ မန္တလေးကွန်ပျူတာတက္ကသိုလ်လည်း ဘွဲ့နှင်းသဘင်နဲ့ Lobby ပြိုပျက်မှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသိရပြီး ငလျင်လှုပ်ခတ်ချိန်က ဒီနေ့မနက် ၁၂ နာရီ မိနစ် ၅၀ ကနေ ၁၂ နာရီ ၅၆ မိနစ်ကြားမှာ ဒေသအလိုက် ခံစားခဲ့ရသလို ကျောင်းတက်ချိန်ဖြစ်တာကြောင့် ကျောင်းသားကျောင်းသူတွေ ထိတ်လန့်တကြား စာသင်ကျောင်းအပြင်ဘက်မှာ အော်ဟစ်နေတာကိုလည်း တွေ့ရပါတယ်။
ငလျင်က မြေအောက်အနက် ၆ မိုင်ကျော်က လှုပ်ခတ်တာဖြစ်ပြီး ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS) က ဖော်ပြခဲ့သလို တရုတ် CENC ကလည်း ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၉ အဆင့်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။