
ပုံစာ။ ယနေ့ လှုပ်ခတ်သော ငလျင်ကြောင့် ပျက်စီးမှု မြင်ကွင်းအချို့(photo-Crd)
MT News
၂၈. ၃. ၂၀၂၅
မြန်မာနိုင်ငံတစ်ဝန်းတွင် အလွန်ပြင်းအားများသော ငလျင် အချိန်အတန်ကြာအောင် လှုပ်ခတ်မှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သောကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျသွားခဲ့သလို နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှု များပြားနိုင်သည်ဟုလည်း သိရသည်။




အဆိုပါ ငလျင်ကို နိုင်ငံတစ်ဝန်းတွင် ၁၂ နာရီ မိနစ် ၅၀ ခန့်မှ ၁၂ နာရီ ၅၆ မိနစ်ခန့်ကြာအောင် နိုင်ငံတစ်ဝန်းပြည်သူများ ဒေသအလိုက် ခံစားခဲ့ရပြီး နေပြည်တော်တွင်လည်း ထိခိုက်မှုများပြားကြောင်း၊ စစ်ကိုင်းတံတားဟောင်းကျိုးကျသွားသလို နေအိမ်များလည်း ပြိုပျက်မှုရှိကြောင်း၊ ရန်ကုန်မြို့ရှိ ကွန်ဒိုများသည်ပင် ဘောင်ဘင်ခတ် လှုပ်ခတ်သဖြင့် ပြည်သူများ လမ်းပေါ် ဆင်းနေခဲ့ရကြောင်း ကနဦး သတင်းများအရ သိရသည်။
ထို့အပြင် မန္တလေးမြို့တွင်လည်း နေအိမ်ပြိုပျက်မှုများရှိခဲ့ကြောင်းနှင့် အမြန်လမ်းတွင်လည်း တံတားများကျိုးကျသဖြင့် ကားများ ရပ်တန့်နေကြောင်း MT News သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။






အဆိုပါ ငလျင်လှုပ်ခတ်မှုအပေါ် မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီးတွင် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု မြေအောက်အနက် ၁၀ မိုင်ခန့်မှ လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS) မှ သိရပြီး တရုတ် CENC ကလည်း ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၉ အဆင့်ရှိကြောင်း အဆိုပါငလျင်ကြောင့် နောက်ဆက်တွဲပျက်စီးထိခိုက်မှုများကို MT News က ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
ပုံစာ။ ယနေ့ လှုပ်ခတ်သော ငလျင်ကြောင့် ပျက်စီးမှု မြင်ကွင်းအချို့