




၂၇.၃.၂၀၂၅
Written By Thandar
မြန်မာ-အိန္ဒိယပူးပေါင်းတင်ဆက်မယ့် ဒရာမာအက်ရှင် ဇာတ်လမ်းပုံစံ “ဆုံမှတ်” A Convergence Point Series မီဒီယာမိတ်ဆက်ပွဲကို ယနေ့ မတ်လ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ Kantharyar Shopping Mall ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲကို အကောင်းဆုံးတင်ဆက်သွားဖို့ ပြင်ဆင်ထားပါတယ်။ သရုပ်ဆောင်ပိုင်းတွေကို ကာရိုက်တာနဲ့ လိုက်ဖက်တာတွေ သေချာရွေးချယ်ပြီးတော့ မြန်မာ- အိန္ဒိယ ပူးပေါင်းတင်ဆက်မှာဖြစ်ပါတယ်။ ဒရာမာ အက်ရှင် ဇာတ်လမ်းက ပရိသတ်တွေ ရသတစ်မျိုးဆီ ခံစားရမှာလည်း ဖြစ်ပါတယ် ”လို့ ဇာတ်လမ်း ဒါရိုက်တာ အဂ္ဂမာန်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း ယုန်လေး (TMK) Team၊ ဒါရိုက်တာ အဂ္ဂမာန်က အက်ရှင် ဒရာမာဇာတ်လမ်းပုံစံ အပိုင်း ၂၀ စာကို လာမယ့် ဧပြီလ ၂၄ ရက်မှာ စတင်ရိုက်ကူးပုံဖော်မှာဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီထွန်းထွန်း၊ ထွန်းမင်း၊ မင်းဟိဏ်း၊ တင်မောင်ဆန်းမင်းဝင်း၊ ခွန်သာချို၊ ဒေါင်းဝေ၊ မျိုးကြည်၊ ရာမ်ကီး@ရဲကိုကို၊ ရဲသွေးသီဟ၊ နေခြည်ရွှန်းလက်၊ သုန္ဒြေဦး၊ သာသာ၊ ထက်ယမင်း အိမ်၊ ဒီပါး@ချောစုသူဇာနဲ့ အနုပညာရှင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။