
MT News
၂၇. ၂. ၂၀၂၅
ယနေ့ကျရောက်သည့် အနှစ် ၈၀ ပြည့် တပ်မတော်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံသားလေးဦးနှင့် ဖိလစ်ပိုင်နိုင်ငံသားသုံးဦးကို SAC ဥက္ကဋ္ဌက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေးရှုသော အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်လည်းကောင်း ကော့သောင်းအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ထိုင်းနိုင်ငံသား (၄) ဦးနှင့် ဘားအံ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ဖိလစ်ပိုင်နိုင်ငံသား (၃) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက် တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု ဖော်ပြထားသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများမှာ ထိုင်းနိုင်ငံသားများဖြစ်သည့် Virot Saphanthong Na Nakhon ၊ Sunan Mongkutton ၊ Sonpong နှင့် Thavorn တို့ဖြစ်ပြီး ဖိလစိပိုင် နိုင်ငံသားများမှာ Mr. Jayson Corprz Jaramilla ၊ Mrs. Sun Shine Rivera နှင့် Mrs. Magdalena Vicente တို့ ဖြစ်သည်။