
MT News
၂၇. ၃. ၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေးအတွင်းသို့ မတ်လ ၂၅ ရက်နေ့တွင် PDF များက ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေးအတွင်းသို့ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘို PDF များက ဥသျှစ်ကန်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှ ရှော့တိုက်ဒုံး ၁ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် ဈေးအတွင်းဈေးရောင်းနေသည့် အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။


ထိုသို့ ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိုသို့အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဒေသခံပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ပြင်းထန်စွာကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
