
ပုံစာ။ MDY PDF ထိန်းချုပ်ထားပြီး စဉ့်ကူးမြို့နယ်အတွင်းမှ ရွှေခိုးထုတ်ရာနေရာများအား တပ်မတော် ထိုးစစ်ဆင်မှုမြင်ကွင်း။
၂၆. ၃. ၂၀၂၅
Written by Nay Moe
မန္တလေး PDF တိုက်ခိုက်သိမ်းယူထားလို့ တပ်မတော်က စဉ့်ကူးမြို့နယ် ပတ်လည်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စဉ့်ကူးဒေသကကျေးရွာတွေကို တိုက်ခိုက်နေမှုဟာ သယံဇာတထုတ်လုပ်ရာ နေရာတွေကိုသာဖြစ်တယ်လို့ မန္တလေး PDF က မနေ့က ထုတ်ပြန်ဝန်ခံလာပါတယ်။


ဒါက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ နစကအစိုးရဟာ သယံဇာတခိုးထုတ်မှုတွေ ချေမှုန်းတော့မယ် အသိပေးပြီး မကြာခင် မြိုင်နဲ့ပေါက်နယ်စပ်က ရေနံခိုးထုတ်၊ ပြည့်တန်ဆာတန်းဖွင့် ဆက်ကြေးကောက်တဲ့ မြိုင် PDF တွေကို လေကြောင်းတိုက်ခိုက်ခဲ့သလို မန္တလေး PDF တွေ ထိန်းချုပ်၊ ခိုးထုတ်၊ အခွန်ကောက်နေတဲ့ ရွှေလုပ်ကွက်နဲ့ ဒီရွှေလုပ်ကွက်စျေးတန်းရှိရာ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို ဧပြီ ၁၄ ရက်မှာ လေကြောင်းတိုက်ခိုက်မှုပြုခဲ့လို့ အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့အပြီး ထုတ်ပြန်ချက်လည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က သိမ်းထားပြီး တရားမဝင် ရွှေခိုးယူတူးဖော်မှုလုပ်ငန်းကို အခွန်ချုပ်ကိုင် ဆက်လက်လည်ပတ်နေသလို စဉ့်ကူးမြို့နယ်၊ လက်ပံလှရဲစခန်းကိုလည်း PDF တွေ ထိန်းချုပ်ထားလို့ မတ်လ ၄ ရက်နေ့ကလည်း ရဲစခန်းနေရာ တည့်တည့် ဗုံးကြဲတိုက်ခိုက်တာကြောင့် PDF တွေ သေဆုံးမှုရှိခဲ့ပြီး အနည်းဆုံး ၆ ဦး သေခဲ့တဲ့အပြင် မတ်လ ၁၇ ရက်မှာလည်း လေကြောင်းတိုက်ခိုက်လို့ အနည်းဆုံး ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က အတည်ပြုခဲ့သလို ထုတ်ပြန်တဲ့ ပုံတိုင်းမှာလည်း ပြည်သူရှိရာနေရာ ကြဲချတာမဟုတ်ခြင်းရဲ့ သက်သေအဖြစ် မန္တလေး PDF တွေရဲ့ လက်နက်ကိုင်ပုံရိပ်များစွာ ပါဝင်နေတာ တွေ့ရပါတယ်။



မန္တလေး PDF ရဲ့ မနေ့က ထုတ်ပြန်ချက်အရလည်း မတ်လ ၂၄ ရက် ည ၈ နာရီခွဲနဲ့ ၉ နာရီခွဲကြားမှာ တပ်မတော်က ဂျက်ဖိုက်တာ ၅ စီးနဲ့ စဉ့်ကူးမြို့နယ်က မာလဲနတ်တောင်ဆည်၊ ဇိုက်ချောင်းကျေးရွာ၊ ထောက်ကြံ့ပင်ကျေးရွာနဲ့ ကံတောင်ကျေးရွာတွေက သယံဇာတလုပ်ငန်းအချို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ။ MDY PDF ထိန်းချုပ်ထားပြီး စဉ့်ကူးမြို့နယ်အတွင်းမှ ရွှေခိုးထုတ်ရာနေရာများအား တပ်မတော် ထိုးစစ်ဆင်မှုမြင်ကွင်း။