
၂၆. ၃. ၂၀၂၅
Written by Nay Moe
ကျိုက်ထို စသုံးလုံးက စုံစမ်းရေးမှူးအပါအဝင် အရာရှိသုံးဦးကို PDF နှစ်ဖွဲ့ပေါင်း သတ်ဖြတ်မှုရုပ်သံကို ကျူးလွန်တဲ့ PDF တွေဘက်က ဒီနေ့လယ်မှာ ထုတ်ပြန်လာပါတယ်။

ဖြစ်စဥ်က မတ်လ ၂၃ ရက် ညနေ ၅ နာရီ မိနစ် ၂၀ မှာတွင် PDF တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄၊ UG နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းပြီး မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာထိပ်၊ ခမိတ်အစိုးရ ရာဘာခြံအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်မှာ ကျိုက်ထိုမြို့နယ် စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က စုံစမ်းရေးမှူးအပါအဝင် ၃ ဦးကို PDF နှစ်ဖွဲ့က အလစ်အငိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှာ စုံစမ်းရေးမှူး သူရစိုး ဒဏ်ရာရရှိခဲ့ပြီး ဒုတိယစုံစမ်းရေးမှုး မင်းသူနဲ့ လက်ထောက်စုံစမ်းရေးမှူး မျိုးသန့်တို့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ကားတစ်စီးကိုမောင်းလာတဲ့ PDF နှစ်ဖွဲ့က လမ်းဘေးမှာ ရပ်ထားတဲ့အိမ်စီးကားငယ်တစ်စီးကို မောင်းနေရင်း အလစ်မှာပစ်ပြေးနေတာတွေ့ရသလို ရပ်ထားတဲ့ကားငယ်ဘက်က တုံ့ပြန်မှုမရှိမှ ကားရပ်ပစ်တာကြောင့် ချောင်းပစ်တဲ့ PDF တွေ ထိခိုက်မှုမရှိသလို အပစ်ခံရတဲ့ အိမ်စီးကားငယ်ပေါ်မှာ စသုံးလုံးက စုံစမ်းရေးမှူးတွေ အမှန်တကယ်ပါမပါဆိုတာနဲ့ သာမန်ပြည်သူတွေဟုတ်မဟုတ် ရုပ်ပုံတွေကို ကျူးလွန်တဲ့ PDF တွေက အသေးစိတ်ထုတ်မပြဘဲ သူတို့လူသတ်ခဲ့တယ်ဆိုတာကို ဝန်ခံလာတာကြောင့်သာ MT News က PDF တွေ ကျူးလွန်တာကို သတင်းဖော်ပြတာ ဖြစ်ပါတယ်။