
၂၆.၃.၂၀၂၅
Written By Thandar
အောင်ဟိတ်ရုပ်ရှင်ထုတ်လုပ်ရေးက မောင်နှမသံယောဇဉ်နဲ့ မိဘမေတ္တာဇာတ်လမ်းပုံစံ “ကင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။




“ကင်း ရုပ်ရှင်ဇာတ်ကားက မိဘရဲ့ မေတ္တာ၊ မိဘရဲ့ စေတနာ သားသမီးတွေအတွက်ဆိုရင် သားသမီးရင်းပဲဖြစ်ဖြစ်၊ မွေးစား သားသမီးပဲဖြစ်ဖြစ် အသက်ပေးပြီး ချစ်နိုင်တယ်ဆိုတဲ့ ဒီကားကြီးကို ကြည့်ရှုအားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်” လို့ အကယ်ဒမီ ချိုပြုံးက ပြောပါတယ်။
ညီအစ်ကို မောင်နှမသံယောဇဉ်များနဲ့ မိဘမေတ္တာကို အပြည့်အဝ ဖော်ကျူးထားပြီး အပြည့်အဝ ခံစားနိုင်မယ့် ကင်းရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်အကြိုက်တွေ့မယ့် လူငယ်သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။




အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဗျူး၊ ဇာတ်ညွှန်း ဖိုးကျော် (သန်လျင်)က ရေးသားပြီး ဒါရိုက်တာ စိုးမိုးမင်းက သရုပ်ဆောင် ကျော်ထက်ဇော်၊ တေဇလင်းရောင်၊ ဘုန်းမင်းနေလ၊ ရဲလှိုင်၊ ဝင်းခန့်မိုး၊ ဇွဲပြည့်၊ အကယ်ဒမီ မေမြင့်မိုရ်၊ ချိုပြုံး၊ ကြယ်စင်ဖြူတို့နဲ့ ရိုက်ကူးထားပါတယ်။
“ကင်း ”ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် လာမယ့်မတ်လ ၂၈ ရက်နေ့မှစပြီး မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံကြီးတွေမှာ ပြသသွားမှာဖြစ်ပါတယ်။