MT News
စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။
SAC က ကျင်းပရန်စီစဥ်နေသည့်ရွေးကောက်ပွဲကို အသိပေးတားမြစ်သည့်အနေဖြင့် တမူးမြို့နယ်၏ ရွေးကောက်ပွဲစာရွက်စာတမ်းများ ထိန်းသိမ်းထားသည့် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ မီးရှို့ဖျက်စီးမှုကို တမူးပကဖနှင့် တမူး ABSDF တပ်ရင်း(၅)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် မည်သည့်အဆောက်အဦ၊ လူပုဂ္ဂိုလ်ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။