
၂၆.၃.၂၀၂၅
Written By Thandar
အဆိုတော် ဘန်နီဖြိုးကို Brand Ambassador ခန့်အပ်ထားတဲ့ Tecno ကျပ် ၁၀ သိန်းမကျော်တဲ့စျေးနှုန်းနဲ့ AI နည်းပညာမြင့်စမတ်ဖုန်း Camon 40 Series ကို TECNO Showroom တွေနဲ့ TECNO အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ အခုပဲ Pre-Order မှာပြီးတော့ လက်ဦးမှုယူထားနိုင်တယ်လို့ သိရပါတယ်။


“SONY Flagship Camera ရဲ့ LYT-700C Sensor ကိုမှ 50MP Main Camera ထည့်သွင်းတပ်ဆင်ထားတဲ့အတွက် နေ့ဘက်သာမက ညဘက်တွေမှာလည်း ပြီးပြည့်စုံတဲ့အလှတရားကို အကြည်လင်ဆုံးပုံဖော်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ သာမန်ဖုန်းတွေနဲ့ မတူ One-Tap FlashSnap Mode ပါဝင်တဲ့အတွက် One-Tap Button အားနှိပ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း လှုပ်ရှားမှုတွေကို အလိုအလျောက်ဖမ်းယူပေးပါတယ်။ လျှပ်တစ်ပြက်အခိုက်အတန့်တွေကို နှောင့်နှေးမှုမရှိဘဲ အချိန်နဲ့ တစ်ပြေးညီ အကြည်လင်ဆုံးပုံရိပ်တွေအသွင်နဲ့ အမိအရ ရိုက်ကူးနိုင်ပါတယ်”လို့ Tecno ရဲ့ Brand Ambassador အဆိုတော် ဘန်နီဖြိုးက ပြောပါတယ်။
ဒါ့အပြင် ရိုက်ကူးတဲ့အခါ လှုပ်ရှားမှုတွေကို ပုံ ၂၀အထိ အလိုအလျောက်ရိုက်ကူးပေးပြီး ကိုယ့်စိတ်ကြိုက်ပုံကိုလည်း ပြန်လည်ရွေးချယ်နိုင်တဲ့အတွက် အလှပဆုံးနဲ့ အကြည်လင်ဆုံးပုံရိပ်ကိုရမည်မှာ သေချာပါတယ်။ ဒီ CAMON 40 Series တွေမှာသာ မြင်တွေ့နိုင်ပြီး TECNO က စွန့်ဦးတီထွင်ထားတဲ့ Feature အသစ်တစ်ခုလည်းဖြစ်ပါတယ်။
သာမန်ရေစိုခံနိုင်ရည်ရှိရုံတင်သာမက ရေအနက် ၂ မီတာအနက်မှာ မိနစ်(၃၀)ကြာရေစို၊ ရေစိမ်ခံနိုင်ရည်ရှိတဲ့ IP68/IP69 Water & Dust Resistance အကြမ်းခံနိုင်ရည်နည်းပညာထည့်သွင်းထားတဲ့အတွက် ရေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေကို ခံနိုင်ရည်ရှိတဲ့အပြင် ဖုန်စင်ဒဏ်တွေပါခံနိုင်ရည်ရှိအတွက် CAMON 40 Series က ဆိုရင် စွန့်စားခန်းတွေမှာ အတူရှိနေတဲ့ ပါတနာကောင်းတစ်ယောက်ပါ။


AI နည်းပညာတွေဖြစ်တဲ့ AI Interaction, AI Camera နဲ့ AI Business Assistant စတဲ့အဆန်းသစ်ဆုံး AI Features တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Ella Voice, AI Writing, Circle To Search, Call Assistant, Recording Summary, AI Eraser, AI Extender, AI Sharpness Plus စတဲ့ နည်းပညာမြင့် AI Technology တွေစွာ အသုံးပြုနိုင်တဲ့အပြင် FlashSnap Mode, AI Noise Cancellation, Eye Care Experience, Breathing Light ကဲ့သို အဆင့်မြင့်နည်းပညာတွေကို ထည့်သွင်းထားတဲ့အတွက် လူနေမှုပုံစံကိုအဆင်မြင့်တင်ပေးမယ့် AI Partner ဖုန်းဖြစ်တယ်လို့ သိရပါတယ်။
6.78″ FHD+ AMOLED Display, 5200 mAh Battery, 45W အမြန်အားသွင်းစနစ် 120Hz Refresh Rate နဲ့ အရောင်ထွက်မှန်တဲ့ နှစ်လိုဖွယ်ရုပ်ထွက်မျက်နှာပြင်ကို အသုံးပြုနိုင်တဲ့အပြင် တစ်နေ့တာလုံးအတွက် လုံလောက်တဲ့ Battery ပမာဏပါဝင်ပါတယ်။ Stereo Dual Speakers ကိုမှ Dolby Atmos အသံစနစ်နဲ့ ပူးပေါင်းကာ ပြိုင်ဆိုင်မှုမရှိတဲ့ အသံစွမ်းဆောင်ရည်ပါဝင်ထားပါတယ်။ HiOS 15/Android 15 ကို စတင်အသုံးပြုနိုင်မှာဖြစ်ပြီး Android Update အတွက် အာမခံချက်(၃)နှစ်ပါဝင်တာကြောင့် Android Version 18 အထိ တိုးမြင့်ထောက်ပံ့ပေးမယ့် အာမခံချက်တွေ ဒါ့အပြင် 5 Years Lag-free Certification လည်းပါဝင်တဲ့အတွက် မူလဝယ်ယူထားတဲ့ Performance အတိုင်း နောက်(၅)နှစ်ကြာတဲ့တိုင် ဝယ်ယူခါစအတိုင်း အထစ်အငေါ့မရှိမသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အာမခံချက်အကောင်းဆုံးဖုန်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ရေစို၊ရေစိမ်ခံတဲ့ Tenco Camon 40 Series က အရောင်အနေနဲ့ Emerald Lake Green, Glacier White, Galaxy Black တွေရှိပြီးတော့ 16GB RAM က ကျပ် 999,900၊ Camon 40 က အရောင်အနေနဲ့ Galaxy Black, Glacier White, Emerald Glow Green တွေရှိပြီးတော့ 16GB RAM က ကျပ် 899,900 ဈေးနှုန်းနဲ့ မတ်လ ၂၁ ရက်ကနေ မတ်လ ၂၉ရက်အထိ အမြန်ဆုံး Pre Orderတင်မှ Hair Dryer, Power Bank နဲ့ ATOM Data Package လက်ဆောင်တွေရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။