MT News
CB Bank က ထုတ်လုပ်ထားသည့် Manchester United Prepaid Card (Only Multi Currency) နှင့် FIFA Prepaid Card (Only Multi Currency) များ၏ ဝန်ဆောင်မှုများကို အခြေအနေအရပ်ရပ်ကြောင့် ယာယီရပ်ဆိုင်းလိုက်ရသဖြင့် သုံးစွဲသူ Customer များ အဆင်မပြေမှုများ ကြုံတွေ့ရသည့်အပေါ် အနူးအညွတ် တောင်းပန်ကြောင်း အသိပေးထားသည်။
သို့ဖြစ်ပါ၍ Customer များအနေဖြင့် ယင်းကတ်များပိတ်သိမ်းခြင်း (သို့မဟုတ်) အခြားသောကတ်ဒီဇိုင်းများနှင့် အစားထိုးလျှောက်ထားခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း အသိပေးထားပြီး လက်ရှိအချိန်တွင် မန်ယူကတ်နှင့် ဖီဖာကတ်အသုံးပြုများက အဆိုပါကတ်များမှ ပြုလုပ်ခနှင့် ကတ်တွင်းရှိငွေသားများ မည်သို့ပြုလုပ်ပေးမည်ကို သိရှိလိုကြောင်း ဝိုင်းဝန်းဝေဖန်မှုများ ရှိနေသည်။