
၂၅. ၃. ၂၀၂၅
Written by Hey Mar
ဘီးပေါက်လို့ ရပ်တန့်ပြုပြင်နေတဲ့ Express ယာဉ်ကို လားရာတူမောင်းနှင်လာတဲ့ အိမ်းစီးယာဉ်ငယ်ကယာဉ်မောင်း အရက်သေစာသောက်စားကာ အိပ်ငိုက်ပြီး နောက်ကနေဝင်တိုက်တာကြောင့် ယာဉ်ပေါ်ပါ အမျိုးသားလေးဦးအနက် နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက် လေးနာရီ ဝန်းကျင်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ် ဖြစ်ပွားခဲ့တာက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းအပိုင်၊ ရန်ကုန်-နေပြည်တော်လမ်းဘက်ခြမ်း၊ မိုင်တိုင် အမှတ်(၈၅/၁-၂)အကြားမှာ ဖြစ်ပွားခဲ့ပြီး ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို Toyota Hilux Revo အမျိုးအစား (အဖြူရောင်)ယာဉ်က ယာဉ်မောင်းအိပ်ငိုက်ရာက လားရာတူအရှေ့မှာ ယာဘက်နောက်ဘီး ပွင့်ထွက်လို့ အနှေးယာဉ်ကြောပေါ် (၄) ပေခန့်တင်ပြီး နောက်အပေါ်အောက်စုံမီးဖွင့်ကာ ယာဉ်ရဲ့ နောက် ပေ(၃၀)ခန့်အကွာမှာလည်း အတားအဆီးတွေချ ရပ်တန့်ထားတဲ့ ယာဉ်ကို ဝင်တိုက်မိတာလို့လည်း သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ယာဉ်က ဟင်္သတခရိုင် သစ်တောဦးစီးဌာနက ယာဉ်ဖြစ်ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် လိုက်ပါစီနင်းလာတဲ့ ခရိုင်ညွှန်ကြားရေးမှုးအပြင် တောခေါင်း အရာရှိငယ်တစ်ဦးပါ စိုးရိမ်ရပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့ပြီး ယာဉ်မောင်းနဲ့ ရုံးအကူမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်မှုဖြစ်ပွားနေကြောင်း သတင်းရ၊ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ တပ်ဖွဲ့ဝင်(၁+၄)ဦး၊ မြို့ချောင်းရဲစခန်းမှ တာဝန်ရှိသူတွေနဲ့ အမြန်လမ်း (ပြင်/ထိန်း)မှတာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့က အခင်းဖြစ်နေရာဆီ သွားရောက်ကာ အကူအညီပေး စစ်ဆေးခဲ့ပြီး ယာဉ်မောင်း စိုင်းလင်းကျော်၊ (၃၁)နှစ်(ဘ)ဦးကျော်လှိုင်၊ ၁၄/ဟသတ(နိုင်)၃၁၂၁၆၁၊ ဗမာ/ဗုဒ္ဓ၊ တောခေါင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သစ်တောဝန်းရုံး၊ ဧရာဝတီတိုင်းဒေသကြီးနေသူကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။