
၂၅.၃.၂၀၂၅
Written By Zun
မြေအောက်လျှပ်စစ်ပိုက်လိုင်းအတွင်း သန့်ရှင်းရေးပြုလုပ်သည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက် သေဆုံးမှု ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ယမန်နေ့ ည ၁၁ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဘန်ကောက်မြို့၊ ဘန်စုနယ်မြေ၊ ပရချာချွန့်လမ်းရှိ မြေအောက်လျှပ်စစ်ပိုက်လိုင်းအတွင်းသို့ မြန်မာလုပ်သား ၂ ဦး လှေကားဖြင့် ဆင်းသွားပြီး မကြာမီအချိန်တွင် အော်ဟစ်သံ ကြားရသောကြောင့် အလုပ်သမားအချင်းချင်း သွားရောက် ကြည့်ရှုကြရာမှ ဓာတ်လိုက်ပြီး လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးမှာ ကိုမင်းလွင်နှင့် ကိုလင်းနိုင်တို့ဖြစ်ပြီး အသက် ၂၅ နှစ်မှ ၃၅ နှစ်ကြားရှိ လူလတ်ပိုင်းအရွယ်များဖြစ်ကြောင်း၊ ယခုအခါ ရုပ်အလောင်းများကို ထိုင်းရဲတပ်ဖွဲ့က ဆေးရုံကြီးသို့ ဒေသတွင်း လွမ့်ကတန်ယူ လူမှုကယ်ဆယ်ရေးအဖွဲ့ကို ပို့ဆောင်စေခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူ မြန်မာအလုပ်သမားများနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေကြေင်း သိရသည်။
