
၂၅.၃.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၃၀) ရပ်ကွက်၊ သရေခေတ္တရာလမ်းတွင် ယမန်နေ့ မတ်လ ၂၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော လူနေအိမ် ၂ လုံးမီးလောင်မှုမှာ ဂတ်စ်မီးဖိုသုံး ဂတ်စ်ဘူးအသေးများကို ဝါးထရံဘေးတွင် စီထားရာမှ နေအပူရှိန်ကြောင့် ဂတ်စ်ဘူးပွင့်ထွက်၍ မီးလောင်ခြင်းဖြစ်သည်ဟု စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုကြောင့် အလျား ၁၇ ပေ၊ အနံ ၁၇ ပေ ရှိ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း ၁ ထပ်နေအိမ်တစ်လုံးနှင့် အလျား ၉ ပေ၊ အနံ ၂၁ ပေရှိ သွပ်မိုး၊ဝါးထရံကာ၊ ပျဥ်ခင်း ၁ ထပ်နေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။
လူနေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးမှုကြောင့် အသက် ၄၄ နှစ်အရွယ် အိမ်ရှင်အမျိုးသားကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။