MT News
Written by Thettant
အမြန်လမ်းတွင် ညမှောင်ချိန် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ယာဥ်တိုက်မိကာ ပွဲချင်းပြီးသေဆုံးမှု ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၉ ရက် ည ၆ နာရီ ၅၀ ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၃၅/၄-၅) ဖာလုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရ၍ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၁+၄)ဦး၊ ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှ စခမ အပါ တပ်ဖွဲ့ဝင်(၂+၅)ဦးနှင်အတူကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ရာ ဆီဆုံကုန်းကျေးရွာ၊ ဆီဆုံကုန်းရွာအုတ်စု အုတ်တွင်းမြို့နယ်နေသူသည်၊ လမ်းအနောက်ဘက်ခြမ်းမှ လမ်းအရှေ့ဘက်ခြမ်းသို့ ယာဉ်ကြောမရှင်းဘဲ လမ်းဖြတ်ကူးစဥ် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော SUZUKI ERTIGA အမျိုးအစား(အနက်ရောက်) ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ယာဥ်ပေါ်ပါ ကျား၂ ဦးမှာ ထိခိုက်မှုမရှိဘဲ လမ်းဖြတ်ကူးသူ ကျား ၁ ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး သေဆုံးသူအား ကမ်းမဲ့လက်များလူမှုကူညီရေးအသင်းယာဉ်ဖြင့် အုတ်တွင်းပြည်သူဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။