
၂၂. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့မှာ သိပ္ပံ၊ ဝိပ္ပံနဲ့ ဝိဇ္ဇာဘာသာတွဲ (၂) တို့ကို ဆက်လက်ဖြေဆိုသူ များပြားခဲ့ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။




တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှာ မြန်မာစာ၊ မတ်လ ၁၈ ရက်မှာ အင်္ဂလိပ်စာ၊ မတ်လ ၁၉ ရက်မှာ သင်္ချာ၊ မတ်လ ၂၀ ရက်မှာ ဓာတုဗေဒနဲ့ ပထဝီ၊ မတ်လ ၂၁ ရက်မှာ ရူပဗေဒနဲ့ သမိုင်း၊ မတ်လ ၂၂ ရက်မှာ ဇီဝဗေဒ ဘောဂဗေဒ ဘာသာရပ်တို့ကို ပိတ်ရက်မရှိ ဆက်တိုက်ဖြေဆိုခဲ့ရတာဖြစ်ပါတယ်။






၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်နေ့အဖြစ် ဒီနေ့မှာတော့ သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာကိုလည်းကောင်း၊ ဝိပ္ပံနဲ့ ဝိဇ္ဇာဘာသာအတွဲ(၂) နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒဘာသာကိုလည်းကောင်း အောင်မြင်စွာဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာစစ်ဌာန ၈၁၇ ခုဖွင့်လှစ် ဆောင်ရွက်ထားပြီး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၂၂၀,၀၀၀ ကျော်ရှိခဲ့ပြီး ယခင်နှစ်ထက် ဖြေဆိုဖို့စာရင်းပေးသွင်းသူ များပြားခဲ့တယ်လို့ သိရပါတယ်။