
MT News
၂၁. ၃. ၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာမှ ဒေသခံပြည်သူ အမျိုးသမီးတစ်ဦးအား PDF များက မတ်လ ၂၀ ရက်တွင် လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာနေ ဒေါ်ခင်ညွန့် ၆၆ နှစ်(ဘ) ဦးဘိုးမော်သည် မတ်လ ၂၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကျေးရွာ၏ အနောက်ဘက်ရှိ ပဲစိုက်ခင်း၌ ရိုးသားစွာ အလုပ်လုပ်ကိုင်နေစဉ် PDF များ ရောက်ရှိလာပြီး ဒေါ်ခင်ညွန့်အား ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံ အားပေးမှုမရှိသောအကြောင်းပြချက်ဖြင့် လက်နက်ငယ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
NUG ဩ PDF များသည် မြို့၊ ရွာများအတွင်းဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်ခြင်းမရှိသော ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်း များနှင့် သံဃာတော်များကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ လူသားမဆန်စွာ လုပ်ကြံ၊ သတ်ဖြတ်မှုများကို မကြာခဏလုပ်ဆောင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။