
၂၁.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့အကြား ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံမှာ မတ်လ ၂၄ ရက်မှာ ကျင်းပသွားမယ်လို့ ရုရှားအစိုးရအဖွဲ့လက်ထောက် ယူရီ ယူရှာကော့ဗ်က မတ်လ ၂၀ ရက်မှာပြောခဲ့တယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးမှာ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ၂၀၁၄ ခုနှစ် ယူကရိန်းပဋိပက္ခမှာ ပါဝင်ခဲ့ကြရတဲ့ အဆင့်မြင့်ထောက်လှမ်းရေးအရာရှိတစ်ဦးနဲ့ သံတမန်ဟောင်းတစ်ဦးတို့ ပါဝင်လိမ့်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ဆွေးနွေးပွဲတွေကို ရီယာ့ဒ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ပင်လယ်နက်ဒေသအတွင်း ရေကြောင်းသွားလာမှု လုံခြုံစိတ်ချရေး အာမခံနိုင်ဖို့အပေါ် အလေးထားဆွေးနွေးသွားမယ်လို့ ယူရှာကော့ဗ် က ပြောခဲ့ပါတယ်။ သူက အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက် ဝတ့်လ်ဇ်နဲ့ ဖုန်းဆက်ပြောကြားခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင် က ယူကရိန်းစွမ်းအင်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်မှု ရက်-၃၀ ရပ်ဆိုင်း ဖို့သဘောတူခဲ့အပြီး ထရန့် နဲ့ ပူတင်တို့ ကြားမှာလည်း ပင်လယ်နက်ဒေသတွင်း ရေကြောင်းသွားလာမှု အပစ်အခတ်ရပ်စဲရေးအပေါ် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့ သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်က မတ်လ ၁၈ ရက်က ပြောခဲ့ပါသေးတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာကျင်းပမယ့် ညှိနှိုင်းဆွေးနွေးပွဲကို ရုရှားဘက်မှ အပြည်ပြည်ဆိုင်ရာ ပြည်ထောင် စုကော်မတီ ဥက္ကဋ္ဌ ဂရီဂိုရီ ကာရာဆင်နဲ့ပြည်ထောင်စု လုံခြုံရေးအဖွဲ့ FSB အကြီးအကဲ ဆာဂျီ ဘီဆီဒါတို့ တက်ရောက်မယ်လို့လည်း ယူရီ ယူရှာကော့ဗ်က ထပ်မံပြောကြားခဲ့ပါတယ်။
Ref- Sputnik News