
၂၁.၃ .၂၀၂၅
Photo by Thiri
အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမသွာန်ဥပုသ်လစတင်တဲ့ မတ်လ ၂ ရက်နေ့ကစပြီး ရန်ကုန်မြို့ရဲ့ အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်း၊ ကန်တော်လေး (သိမ်ဖြူစာတိုက်အနီး)နဲ့ မအူကုန်းလမ်းကျယ် (ယုဇန ပလာဇာ အနီး)မှာ ဝါဖြေမုန့်ဈေးတန်းလေးတွေ ဖွင့်လှစ်ရောင်းချလာကြပါတယ်။



တစ်လအကြာ ဥပုသ်ကာလမှာ မနက်နေထွက်ချိန်ကနေ ညနေ နေဝင်ချိန်အထိ တစ်နေကုန် ဥပုသ်ဆောက်တည်ကြပြီး နေဝင်ပြီးနောက်မှသာ(ဟာလင်) အစားအစာ အာဟာရ ပြန်လည်စားသုံးကြတာပါ။






အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝါဖြေမုန့်ဈေးတန်းဆိုပေမယ့် အခြားဘာသာဝင်တွေကလည်း ဒီမုန့်ဈေးတန်းက အစားအသောက်တွေကို နှစ်သက်စွာ လာရောက်ဝယ်ယူ စားသုံးနေကြတာလည်း တွေ့မြင်ရပါတယ်။