
၂၁.၃.၂၀၂၅
Written By Thandar
Tecno Camon 40 Series Launch Event ပွဲမှာ Tecno ရဲ့ Brand Ambassador အနေနဲ့ ဘန်နီဖြိုးကို ခန့်အပ်ခြင်းကို မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ Wyndham Garden Hotel မှာ ကျင်းပခဲ့ပါတယ်။




“ကျွန်တော့်အတွက် ဒီနေ့က အမှတ်တရတွေ ခံစားချက်အသစ်တွေ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ပါ။ ပထမဦးဆုံး
Tecno ရဲ့ Brand Ambassador အနေနဲ့ ပူးပေါင်းပါဝင်လက်တွဲခွင့်ရလို့ အများကြီး ဂုဏ်ယူဝမ်းသာမိပါတယ်။ Tecno က ကျွန်တော့်ကို Brand Ambassador အနေနဲ့ ကမ်းလှမ်းချိန် အများကြီး စိတ်လှုပ်ရှားရပါတယ်။ Tecno နဲ့ ပူးပေါင်းပြီ ဘာတွေလုပ်ကြမလဲ၊ ဘယ်လိုစီစဉ်ကြမလဲ ဆိုတာ စပြီး ခေါင်းစားရပါတယ်။ Stop at Nothing ဆိုတဲ့ ဆောင်ပုဒ်လေးရှိပါတယ်။ ကျွန်တော်ကလည်း ကိုယ်တစ်ခုခုလုပ်ချင်ပြီဆိုရင် ဘယ်သူမှ တားလို့ ဆွဲလို့မရဘူး။ ကိုယ်လုပ်ချင်တဲ့ဟာ မဖြစ်ဖြစ်အောင်လုပ်တယ်။ Tecno ဆောင်ပုဒ်လေးက ကျွန်တော့် စိတ်ကူးနဲ့ ထပ်တူကျမယ်လို့ ယုံကြည်ပါတယ်”လို့ Tecno Brand Ambassador အဆိုတော် ဘန်နီဖြိုးက ပြောပါတယ်။




အဆိုပါ အခမ်းအနားကို ဘန်နီဖြိုး၊ မယ်ရီ၊ ဝိုင်းစုခိုင်သိန်း၊ နန်းဆုဦး၊ မြတ်ရတနာကျော်တို့ တက်ရောက်ခဲ့ကြပြီးတော့ တေးသီချင်းတွေနဲ့ သီဆိုဖျော်ခဲ့ကြပါတယ်။ ဒါ့အပြင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ချစ်ပရိသတ်တွေအတူ ဂိမ်းတွေ ဆော့ကစားပြီး လက်ဆောင်တွေလည်း ပေးအပ်ခဲ့ပါတယ်။





ရေစို၊ ရေစိမ်ခံတဲ့ Tenco Camon 40 Pro က အရောင်အနေနဲ့Emerald Lake Green, Glacier White, Galaxy Black တွေရှိပြီးတော့ 16GB RAM က ကျပ် 999,900 ၊ Camon 40 က အရောင်အနေနဲ့Galaxy Black, Glacier White, Emerald Glow Green တွေရှိပြီးတော့ 16GB RAM က ကျပ် 899,900 ဈေးနှုန်းနဲ့ မတ်လ ၂၁ ရက်ကနေ မတ်လ ၂၉ ရက်အထိ Pre Orderတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။