
၂၀. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယမြောက်နေ့အဖြစ် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ ဖြေဆိုရာတွင် မြန်မာစာ ဖြေဆိုသူဦးရေထက် ၁၃,၂၈၀ (၆ ဒသမ ၃၅ ရာခိုင်နှုန်း) လျော့ကျခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် စာစစ်ဌာန ၈၁၇ ခုဖွင့်လှစ်ပြီး ပိတ်ရက်မရှိ မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက်အထိ ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရန်စာရင်းပေးသွင်းသူ ကျောင်းသား/ကျောင်းသူဦးရေ ၂၂၀,၈၄၃ ဦးရှိခဲ့ရာ မြန်မာစာဘာသာ စတင်ဖြေဆိုသည့်နေ့တွင် လာရောက်ဖြေဆိုသူ ၂၀၈,၈၈၉ ဦး (၉၄ ဒသမ ၅၉ ရာခိုင်နှုန်း) ရှိခဲ့သည်။
ယနေ့တွင် ဓာတုဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၂ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၀၁ ခု စာစစ်ဌာန စုစုပေါင်း ၈၁၃ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၉၅,၆၀၃ ဦးအနက် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၈၅,၆၆၄ ဦးရှိပြီး ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၉၂ ရာခိုင်နှုန်းရှိခဲ့သည်။
ပထဝီဝင်ဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၆၇၃ ခု စာစစ်ဌာန စုစုပေါင်း ၆၇၄ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၅၂၄၀ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၂,၈၄၆ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၅၂ ရာခိုင်နှုန်းရှိခဲ့သည်။
ထို့ကြောင့် ယနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၉၅,၆၀၉ ရှိခဲ့ပြီး မြန်မာစာဖြေဆိုသူဦးရေ ၂၀၈,၈၈၉ ဦးထက် ၁၃,၂၈၀ ဦး (၆ ဒသမ ၃၅ ရာခိုင်နှုန်း) လျော့ကျခဲ့သလို ဖြေဆိုရန်စာရင်းပေးသူဦးရေ စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းကျော်သာ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။