
၁၉. ၃. ၂၀၂၅
Written by Nyein Kyaw
နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံပညာကျောင်းများ ကျောင်းတက်ရောက်ရမည် မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားထားသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် စာမေးပွဲဖြေပြီးပါက ကျောင်းပိတ်ထားသည့် ကလေးများကို နွေရာသီတွင် ရက်ပေါင်း ၂၀ ကျောင်းပြန်တက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် ညွှန်ကြားမှုများရှိကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ သတင်းများထွက်ပေါ်ပြီးနောက မီဒီယာများက ကျောင်းတက်ရမည့် လနှင့် ရက်တို့အား အတိအကျသိရှိလိုကြောင်းနှင့် အတန်းအားလုံး သို့မဟုတ် မည်သည့်အတန်းများ ကျောင်းပြန်တက်ရောက်ရမည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ပညာရေးဝန်ကြီးဌာနက “နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းတက်ရောက်မည်မှာ မဟုတ်ပါကြောင်း ဖြေကြားအပ်ပါသည်။” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။