
၁၉.၃.၂၀၂၅
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ရွေးမြစ်တွင် ယမန်နေ့ မတ်လ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်ခန့်က ပဲ့ထောင်စက်လှေနှင့် တွဲသင်္ဘောတိုက်မိရာမှ အမျိုးသမီး ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးလိုက်ပါလာသည့် စောမူးရှီး မောင်းနှင်သော စက်လှေ(ပဲ့ထောင်)က စိန်သလ္လာအောင်(၃) တွဲသင်္ဘောနှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သော်လည်း အမျိုးသမီး ၁ ဦးမှာ ပျောက်ဆုံးနေခဲ့ကြောင်း မြောင်းမြမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။

စက်လှေတိုက်မှုကို မြောင်းမြမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မိနစ်၄၀ ကျော်ကြာ ရှာဖွေခဲ့ရကြောင်း သိရသည်။
စက်လှေတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ပဲ့ထောင်မောင်းနှင်သူ စောမူးရှီးတွင် ထိခိုက်ဒဏ်ရာများရရှိသဖြင့် မြောင်းမြမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ရွေးမြစ်တွင် ပျောက်ဆုံးနေသော အမျိုးသမီးကို လက်တလောတွင် ရှာမတွေ့သေးကြောင်း သိရသည်။