
၁၉.၃.၂၀၂၅
Written By Thandar
ရဲရင့်သစ္စာ ဗီဒီယိုထုတ်လုပ်ရေးက ဒရာမာဇာတ်လမ်းပုံစံ “စိန်ပန်းသစ္စာ”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ မတ်လ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဒီစိန်ပန်းသစ္စာဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ ကျော်ဆု၊ အလင်းသစ်၊ အက်စတာလင်းတို့အပြင် နာမည်ကြီး သရုပ်ဆောင်ကြီးတွေ ပါဝင်ရိုက်ကူးမယ့် ဒရာမာဇာတ်လေးပါ။ ဒီကားမှာ ဇာတ်လမ်းမြှုပ်ကွက်လေးတွေ ပါပါတယ်။ ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်ကားပါ။ ပညာပေးလေးတွေလည်း ပါမှာမို့ ဇာတ်အကြောင်းလေး ထွက်လာမှ ပရိသတ်တွေကို သိစေချင်ပါတယ်”လို့ ဒါရိုက်တာ ရဲရင့်သစ္စာက MT Entertainment ကို ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း အင်ကြင်းဟန်နဲ့ ရဲရင့်သစ္စာ၊ ဇာတ်ညွှန်း အင်ကြင်းဟန်က ရေးသားပြီးတော့ ဒါရိုက်တာ ရဲရင့်သစ္စာက မတ်လ ၂၂ ရက်မှာ ရန်ကုန်မြို့မှာ ဒရာမာဇာတ်လမ်းပုံစံ အပိုင်း ၁၅ ပိုင်းစာ ရိုက်ကူးပုံဖော်မှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ဆု၊ အက်စတာလင်း၊ အလင်းသစ်၊ မော်ကွန်းသစ်၊ ဧဒင်၊ ဦးထူးသာ၊ မင်းသူ၊ ဦးရဲနိုင်၊ ဦးဝင်းမြိုင်၊ ကျော်ဇင်မင်းမြတ်၊ အကယ်ဒမီခင်မို့မို့အေး၊ မသိင်္ဂီ၊ နန်းမြင့်၊ နန်းကေသရီနဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
#ကျော်ဆု #အလင်းသစ် #ရဲရင့်သစ္စာ
#အက်စတာလင်း #KyawSu
#စိန်ပန်းသစ္စာဇာတ်လမ်းတွဲ











