
၁၉.၃.၂၀၂၅
Written By Thandar
Horror Comedy ဇာတ်လမ်းပုံစံ “၁၆၈ နာရီ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကိုမတ်လ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။




“ဒီကားမှ တစ်ခါမှသရုပ်မဆောင်ဖူးတဲ့ စပ်ဆလူးမလေး တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ကိုမြင့်မြတ်ကို တစ်ဖက်သတ်လိုက်ကြိုက်တဲ့ အနိုင်ကျင့်တဲ့ကောင်မလေးနေရာက သုသုကို မြင်ရမှာပါ။ ဒီကားရိုက်တုန်းက အမှတ်တရတွေ အများကြီးပါပဲ။ ဒီကားကို မနှစ်က ဒီလိုအချိန်မှာ ရိုက်ခဲ့တာဆိုတော့ နေကလည်း တအားပူတယ်လေ။ အဖျားတွေတက်တဲ့အထိပါပဲ။ ဒီကားလေးက Horror လေးရော ဟာသလေးနဲ့ အရောလေးဆိုတော့ ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါ”လို့ သရုပ်ဆောင် သုသုက ပြောပါတယ်။






Bo Bo Film Production က ဇာတ်လမ်း၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ရိုက်ကွင်းဇာတ်ညွှန်း မင်းကိုစိုး (နတ်သံကွင်း)၊ တွဲဖက်ဒါရိုက်တာ အိ(အရုဏ်ဦး)၊ ဒါရိုက်တာ အကယ်ဒမီကိုဇော် (အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ ကောင်းမြတ်စံ၊ မင်းဘုန်းမြတ်၊ ခင်လှိုင်၊ ဂျိုကာ၊ မယ်လိုဒီ၊ ရတနာဗို၊ ဝေလာရီ၊ သုသု၊ လှမျိုးသဥ္ဇာနွယ် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“၁၆၈ နာရီ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မတ်လ ၂၁ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။