
၁၉.၃.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်အတွင်း၊ မဲဆောက်နယ်စပ်စစ်ဆေးရေးဂိတ်အနီး အကောက်ခွန်ရုံး ကားရပ်ဖို့မြေနေရာမှာ တရားမဝင်ဖြစ်လို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မော်တော်ကားစီးရေ ၂၀၀ ခန့်ဟာ မတ်လ ၁၈ ရက်ညက မီးလောင်မှုတစ်ခုမှာ ပျက်စီးခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။


မီးက တာစိုင်းလွတ်မြို့နယ်အတွင်း တည်ဆောက်ဆဲဖြစ်တဲ့ အကောက်ခွန်ရုံးဝင်းသစ်အတွင်းမှာ ည ၇ နာရီခွဲမှာ စတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်စဉ်မှာ ကားရပ်ဖို့ဝင်းအတွင်း ကားစီးရေ ၈၀၀ ခန့်အထိ ရှိပါတယ်။
မီးက ပြင်းထန်စွာလောင်ကျွမ်းခဲ့ပြီး မီးသတ်သမားတွေက မီးသတ်ကား အစီး ၂၀ နဲ့ သုံးနာရီခန့်ကြာအောင် မီးကို ငြှိမ်းသတ်ခဲ့ကြရပါတယ်။
မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့တော့ သိရပါတယ်။ မီးလောင်မှုရဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Ref- Bangkok Post