
အစ္စလာမ္မစ်အကြမ်းဖက်ဝါဒကို ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာအရ တိုက်ဖျက်သွားဖို့ ထရန့်အစိုးရရဲ့ ကတိကဝတ်အဖြစ် အလေးထား ပြောကြား
၁၈.၃.၂၀၂၅.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ အခြားသော လူနည်းစုတွေအပေါ် နှစ်ရှည်လများ ညှင်းဆဲဖိနှိပ်တာ၊ သတ်ဖြတ်တာနဲ့ ဘာသာရေးအလွဲသုံးစားမှုတွေလုပ်နေတာက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အစိုးရအဖွဲ့အတွက်တော့ အဓိကစိုးရိမ်ရတဲ့နယ်ပယ် အခြေအနေတစ်ရပ် ဖြစ်လာပြီလို့ အမေရိကန်ပြည်ထောင်စု အမျိုးသားထောက်လှမ်းရေးအဖွဲ့ ရဲ့ ညွှန်ကြားရေးမှူး တူလ်ဆီ ဂတ်ဘတ်က NDTV သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ မတ်လ ၁၇ ရက်က ပြောခဲ့ပါတယ်။
မစ္စက် တူလ်ဆီ ဂတ်ဘတ်က အစ္စလာမ္မစ် အကြမ်းဖက်ဝါဒကို ကမ္ဘာလုံးဆိုင်ရာအတိုင်းအတာနဲ့ တိုက်ဖျက်သွားဖို့ ထရန့် အစိုးရရဲ့ ကတိကဝတ်အနေနဲ့ အလေးထားပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။
ဂတ်ဘတ်က ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ အခြားသော လူနည်းစုတွေကို ညှင်းဆဲဖိနှိပ်တာ၊ သတ်ဖြတ်တာနဲ့ ဘာသာရေးအလွဲသုံးစားမှုတွေလုပ်နေတာက နှစ်ရှည်လများကြာလာပြီဆိုတော့ သမ္မတထရန့် နဲ့ အစိုးရမှာ ထူးစိုးရိမ်မှု ဖြစ်လာရတာပါ လို့ ထပ်မံပြောခဲ့ပါသေးတယ်။
ဒီကိစ္စအတွက် အမေရိကန်အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရတို့အကြား စတင်ဆွေးနွေးနေကြပြီလို့လည်း ဂတ်ဘတ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူကဆွေးနွေးမှုတွေကတော့ အခုမှ စတယ်ဆိုရုံ ရှိသေးတာပါ၊ ဒါပေမယ့် ဒီကိစ္စက စိုးရိမ်ပူပန်မှုရဲ့ အဓိက ဗဟိုချက်အဖြစ်တော့ရှိနေဆဲပါလို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂတ်ဘတ်က အစွန်းရောက်ဝါဒရဲ့ ကျယ်ပြန့်စွာ ပါဝင်ပတ်သက်မှုတွေကိုလည်း ရှင်းလင်းသွားခဲ့ ပြီး Islamix Caliphate ခေါ်တဲ့ ဘာသာရေးခေါင်းဆောင်တွေကပဲ ကြီးစိုးဖို့မူဝါဒနဲ့ အစွန်းရောက်အဖွဲ့ တွေနဲ့ အကြမ်းဖက်တွေအဖို့ ဒီလိုရည်ရွယ်ချက်ပြည့်ဝဖို့ ဘာတွေလိုမလဲဆိုတာရှင်းလင်းခဲ့ပါတယ်။
သူက အစ္စလာမ္မစ် အကြမ်းဖက်တွေနဲ့ကမ္ဘာတစ်ဝန်းက အကြမ်းဖက်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုက တူညီတဲ့အယူအဆနဲ့ ရည်မှန်းချက်တို့မှာ အမြစ်တွယ်နေကြပြီး ဒါက အစ္စလာမ် ဘာသာရေးခေါင်းဆောင်ကပဲ ကြီးစိုးအုပ်ချုပ်သွားဖို့ပါလို့ ဆက်လက်ပြောခဲ့ပါတယ်။
ဒီအယူအဆက သူတို့လက်ခံနိုင်တဲ့ တချို့ဘာသာတွေကလွဲလို့ ဘာသာအများအပြားက ပြည်သူတွေကို သက်ရောက်မှုတွေဖြစ်လာစေတယ်။ ဒီမှာနှိပ်စက်မှုနဲ့ အကြမ်းဖက်မှုနည်းလမ်းတွေကို သူတို့က ရွေးချယ်ဆောင်ရွက်လာကြတယ်လို့ သူက ဆက်လက်ပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဂတ်ဘတ်က ဒီလိုအကြမ်းဖက်အစွန်းရောက်မူဝါဒတွေကို လုံးဝဖျက်သိမ်းပစ်နိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ သမ္မတထရန့်က ဆုံးဖြတ်ထားပါတယ်လို့ ပြောခဲ့ပါတယ်။
REF- Dhaka Tribune