
၁၇.၃.၂၀၂၅
Translated by Htwe Ko Tun
ပီရူးနိုင်ငံသား တံငါသည်တစ်ဦးမှာ ပစိဖိတ်သမုဒ္ဒရာရေပြင်အတွင်း ၉၅ ရက်ကြာ မျောပါနေခဲ့ပြီး ငါးသိုင်းငါး၊ ငှက်တွေနဲ့ ပင်လယ်လိပ်တွေကိုပဲ စားသုံးလို့ အသက်ရှင်နေခဲ့ရရာမှ သူ့ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး အိမ်ကိုပြန်ပို့ကာ မိသားစုနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


အသက် ၆၁ နှစ်ရှိတဲ့ မာဆီမိုနာပါအမည်ရှိ တံငါသည်ဟာ ပီရူးနိုင်ငံတောင်ဘက်ကမ်းရိုးတန်း၊ မာကိုနာမြို့ကနေ မနှစ်က ဒီဇင်ဘာလ ၇ ရက်မှာ ငါးဖမ်းစထွက်လာတာပါ။ သူ့မှာ နှစ်ပတ်စာ စားနပ်ရိက္ခာလည်း ပါပါတယ်။ ဒါပေမယ့် ဆယ်ရက်လောက်အကြာမှာ မုန်တိုင်းမိပြီး သူ့လှေကလည်း လမ်းကြောင်းတွေလွဲကာ ပစိဖိတ်သမုဒ္ဒရာထဲအထိ မျောပါလာခဲ့တော့တာပါ။
သူ့မိသားစုကလည်း ရှာဖွေဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ် ပီရူးနိုင်ငံရဲ့ ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ ကင်းစောင့်သင်္ဘောတွေအနေနဲ့ မတ်လ ၁၂ ရက်ထိ မာဆီမိုရဲ့ တံငါလှေတည်နေရာကို မခန့်မှန်းနိုင်ခဲ့ကြပါဘူး။ အဲဒီနေ့မှာတော့ အီကွေဒေါနိုင်ငံမှ ကင်းလှည့်သင်္ဘောတစ်စီးက သူ့လှေကို ကမ်းရိုးတန်းက မိုင် ၆၈၀ အကွာမှာ ရေဓာတ်ခမ်းခြောက်ပြီး စိုးရိမ်ဖွယ်ရာ အခြေအနေရောက်နေတဲ့ မာဆီမိုနဲ့အတူ တွေ့ခဲ့တာပါ။
မာဆီမိုက သမုဒ္ဒရာထဲမှာမျောပါနေတုံး မိသားစုနဲ့ပတ်သက်လို့ အထူးတွေးတောမိခဲ့တယ်။ နှစ်လသားပဲရှိသေးတဲ့ မြေးမလေးအကြောင်းရောပေါ့။ အမေ့ကိုတော့ နေ့တိုင်းသတိရတယ်။ လှေပေါ်မှာစားစရာလည်းကုန်တော့ ပင်လယ်ထဲက ငါးသိုင်းချောင်းငါးတွေ၊ ငှက်တွေနဲ့ ပင်လယ်လိပ်တွေကိုပဲ စားလာခဲ့ရတာ။ နောက်ဆုံး ၁၅ ရက်လောက်ဆို ဘာမှမစားဘဲနေခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
မာဆီမိုရဲ့အမေကတော့ ဒီလောက်ကြာမှ ဆွေမျိုးတွေက ဝိုင်းအားပေးကြပေမယ့် ကျွန်မမျှော်လင့်မနေတော့တာပါလို့ ဒေသခံမီဒီယာတွေကို ပြောခဲ့ပါတယ်။
Ref -bbc