
MT News
၁၆.၃. ၂၀၂၅
ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိ ဆိုင်းကြိုးများတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဒလဘက် အခြမ်း၌ ဆိုင်းကြိုး ၁၃ နှင့် ရန်ကုန်ဘက်အခြမ်း၌ ဆိုင်းကြိုး ၁၂ တပ်ဆင်ပြီးစီးမည်ဖြစ်၍ ရေလမ်း ကင်းလွတ်အကျယ် ၁၃၃ မီတာသာ ကျန်ရှိတော့မည်ဖြစ်ကြောင်း ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလည်ပင်မတံတား သံမဏိဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ပင်မတံတားအောက်မှ ဖြတ်သန်းသွားလာမည့် ရေယာဉ်ကြီးများဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး အတွက် ရေကြောင်းသတိပေးချက် (Notice To Mariners) ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်သည်။
သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်း ဆိုင်းကြိုး ၁၂/၁၃ မှ ဆိုင်းကြိုး ၂၀ အထိလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း တံတားအောက်မှဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ ရေလမ်း ကင်းလွတ်အမြင့်သည် ရေထရက်ရေအမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ ၄၀ ဒသမ ၈ မီတာရှိပြီး မြေပြင်တိုင်းတာတွေ့ရှိချက်များအရ ၄၃ ဒသမ ၁၃ မီတာရှိသောကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ပြီး တံတားအောက်မှခုတ်မောင်းဖြတ်သန်းရမည့် ရေယာဉ်များ၏ Air Draft သည် ၄၁ မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည်ဖြစ်ပြီး လိုအပ်ပါက Round Turn Arichorage (RTA)တွင် ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိစောင့်ဆိုင်းဖြတ်သန်းခြင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။
တံတားတိုင်ခြေများ၏ မြစ်ညှာနှင့်မြစ်ခြေ ၂ ဖက်၊ ကမ်းနှစ်ဖက်လုံးတွင် Radar Reflecdor တပ်ဆင်ထားသော မီးအချက်ပြ Buoy များကို ရေဒါစနစ်ဖြင့် အလွယ်တကူဖမ်းယူရရှိနိုင်ပြီး ဘေး အန္တရာယ်ကင်းစွာ ဖြတ်သန်းဝင်ရောက်နိုင်ရန်အတွက် Coordinate ၈ ခုကိုလည်း ချထားပေးထားသည်ဟု သိရသည်။ Photo – NOM