



၁၆.၃.၂၀၂၅
Written By Thandar
ရော့ခ်တေးသီချင်းတွေ သီဆိုတဲ့ အဆိုတော်ကြီး ဘီလီထွန်းဟာ ယနေ့ မတ်လ ၁၆ ရက်က အိပ်ပျော်နေရင်းရုတ်တရက် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
“အဆိုတော်ကြီး ဘီလီထွန်းက အိပ်နေရင်းကပဲ ရုတ်တရက် နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့တယ်” လို့ အဆိုတော် ဘီလီထွန်းရဲ့ ယောက်ဖဖြစ်သူက ပြောလာပါတယ်။
သူရဲ့ သီချင်းအဆိုတွေရော စတိုင်ပါသဘောကျခဲ့ရသူမို့ တကယ်ပဲဝမ်းနည်းရတယ်လို့လည်း ဆိုပါတယ်။
အဆိုတော်ဘီလီထွန်းဟာ”နေမဝင်အချစ်” ၊ ” သက္ကရာဇ်ရထား” Album ၊ လမ်းခွဲသီအိုရီ ၊အိပ်မက်ရိုင်းစတဲ့ တေးသီချင်းတွေ ထွက်ရှိထားသူလည်းဖြစ်ပါတယ်။