
၁၆. ၃. ၂၀၂၅
Written by MMAK
အာဆင်နယ် Vs ချဲလ်ဆီး
လန်ဒန်ဒါဘီပွဲစဥ်တစ်ခုဖြစ်ပြီး ချဲလ်ဆီးအသင်းအနေနဲ့ အာဆင်နယ်အသင်းကို အနိုင်မရတာ နှစ်ရာသီဆက် ရှိသွားပြီဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှာ ဒဏ်ရာပြဿနာရှိနေသလို ချဲလ်ဆီးတိုက်စစ်မှာလည်း ဒဏ်ရာပြဿနာရှိနေပါတယ်။ လက်ရှိခြေစွမ်းနဲ့ နောက်တန်းခံစစ်ပိုင်းမှာ အာဆင်နယ်အသင်းက အသာရထားသလို အိမ်ကွင်းဖြစ်နေတာကြောင့် အာဆင်နယ်အသင်းက အားသာချက်ပိုများပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက အထက်ကြေးပေးထားပြီး ဘော်ဒီကြေး တစ်လုံးခုနစ်ဆယ်စားပေးထားသလို ဂိုးပေါင်းကြေးကတော့ နှစ်လုံးခြောက်ဆယ်အရှုံး ဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရမ်းပျော့နေတာကြောင့် အာဆင်နယ်ခံစစ်ကို ချဲလ်ဆီးအသင်း ဂိုးရဖို့ မလွယ်ဘူးလို့ သုံးသပ်ရမှာ ဖြစ်ပြီး သရေကျရင်ကျ မကျရင် အိမ်ရှင်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းက အနိုင်ရသွားဖို့များပါတယ်။ ချဲလ်ဆီးတိုက်စစ်က တစ်ဂိုးရဖို့ရုန်းကန်နေရသလို ကိုးလ်ပါးမားကလည်း ခြေစွမ်းကျဆင်းနေတာကြောင့် အာဆင်နယ်အသင်းသာ ဂိုးရသွားရင် ချဲလ်ဆီးအသင်း ဂိုးပြန်ရဖို့ ခက်ခဲပါတယ်။ ဂိုးသမားနဲ့ နောက်တန်းခံစစ်မှာ သိသိသာသာ ပိုကောင်းတဲ့ အာဆင်နယ်အသင်းကပဲ အနိုင်ရသွားမယ်လို့ ယူဆထားတဲ့အတွက် အာဆင်နယ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

ဖူဟမ် Vs စပါး
ဒီပွဲစဥ်ဟာလည်း လန်ဒန်ဒါဘီ ပွဲစဥ်တစ်ခုဖြစ်ပြီး အိမ်ရှင်ဖူဟမ်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်စား ဖြစ်ပါတယ် ။ ပထမအကျော့မှာ စပါးအသင်းက သရေအရှုံးပေးခဲ့ပြီး တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သလို အခုပွဲစဥ်မှာ သရေအရှုံးပြန်ပေးထားတဲ့ ဖူဟမ်အသင်းရဲ့ ဘော်ဒီကြေးက အရမ်းပြင်းနေပါတယ် ။ စပါးအသင်းက လူစုံပြန်ကစားနိုင်ပြီဆိုပေမဲ့ ကြားရက်မှာ ဖီယင်နုအသင်းနဲ့ ယူရိုပါလိဂ်ပွဲကို ခြေကုန်ထုတ်ကစားခဲ့ရတာကြောင့် ပွဲပန်းမှု အနည်းငယ် ရှိလာနိုင်ပါတယ် ။ စပါးအသင်းရဲ့ အဝေးကွင်းခြေစွမ်းကလည်း သိပ်မကောင်းသလို နောက်တန်းကလည်း ပေးဂိုးများနေတာကြောင့် အိမ်ရှင်ဖူဟမ်အသင်း သေချာပေါက် ဂိုးရနိုင်ပါတယ် ။ စပါးတိုက်စစ်မှာ လူပြန်စုံနေတဲ့အတွက်ကြောင့် စပါးအသင်းကလည်း ဂိုးပြန်သွင်းနိုင်တယ်လို့ ယူဆထားပြီး သုံးလုံးသွင်းရင် ပြားတစ်ဆယ်အနိုင်ရမဲ့ ဂိုးပေါင်းကြေးကို ပိုကြိုက်ပါတယ် ။ လန်ဒန်ဒါဘီပွဲဖြစ်တာကြောင့် ပြိုင်ဆိုင်မှူ ပြင်းထန်နိုင်ပြီး အရှုံးအနိုင်အဖြေပေါ်အောင် ကစားကြမယ်လို့ ယူဆထားတဲ့အတွက် သုံးဂိုးလောက်က မြင်ရနိုင်ပါတယ် ။ ဒီအတွက်ကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။



လီဗာပူး Vs နယူးကာဆယ်
ကာရာဘောင်ဖလား ဖိုင်နယ်ပွဲစဥ်ဖြစ်ပြီး ဆီးမီးဖိုင်နယ်အဆင့်မှာ လီဗာပူးအသင်းကို စပါးအသင်းကို ကျော်ဖြတ်လာတာ ဖြစ်သလို နယူးကာဆယ်အသင်းကလည်း အာဆင်နယ်အသင်းကို နှစ်ကျော့လုံးအနိုင်ရပြီး ကျော်ဖြတ်လာတာ ဖြစ်ပါတယ် ။ လီဗာပူးအသင်းက ချန်ပီယံလိဂ်က ထွက်ခဲ့ရသလို FA ဖလားပြိုင်ပွဲကနေလည်း ထွက်ခဲ့ရတာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဖလားနဲ့ အခုဖလားနှစ်ခုသာ ရနိုင်ပါတော့တယ် ။ နယူးကာဆယ်အသင်းအတွက်ကတော့ ဒီဖလားတစ်လုံးသာ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေပါတယ် ။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးခုနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ် ။ ဖိုင်နယ်ပွဲဖြစ်တာကြောင့် နှစ်သင်းလုံးက အားထည့်ကစားလာဖို့များသလို လီဗာပူးအသင်းရဲ့ တစ်လုံးသွင်းရင် အပြည့်နီးပါးအနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးက လီဗာပူးအသင်းကို နေချင်စရာကောင်းလွန်းပါတယ် ။ မိနစ်ကိုးဆယ်အတွင်းမှာ သရေကျသွားပြီး အချိန်ပိုနဲ့ ပင်နယ်တီရောက်မှသာ လီဗာပူးအသင်း အနိုင်ရသွားမယ်လို့ထင်ပါတယ် ။ ဝင်ဘလေကွင်းမှာ ကစားမဲ့ ဖိုင်နယ်ပွဲမှာ သရေကျရင် ကြေးအပြည့်စားရမဲ့ နယူးကာဆယ် ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
လက်စတာ Vs မန်ယူ
ကြားရက်မှာ ဆိုစီဒက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲကစားခဲ့ရတဲ့ မန်ယူအသင်းရဲ့ ခြေစွမ်းက တစ်ရာသီလုံးမှာ အကောင်းဆုံး ခြေစွမ်းနဲ့ အနိုင်ရခဲ့တာမျိုး တွေ့ရပါတယ် ။ နောက်ဆုံးကိုးပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ရှစ်ပွဲအထိရှုံးထားတဲ့ လက်စတာလိုအသင်းနဲ့ တွေ့ဆုံနေတာကြောင့် ဒီပွဲစဥ်မှာ မန်ယူအသင်းကို ထိုးသားအများစု အာရုံရောက်နေနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ မန်ယူအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ် ။ မန်ယူအသင်းက တန်းမဆင်းရတော့သလို ဥရောပဝင်ခွင့်လည်း မရတော့တာကြောင့် အမှတ်မလိုပေမဲ့ တန်းဆင်းဇုန်ထဲက လက်စတာအသင်းကတော့ အမှတ်လိုအပ်ချက် မြင့်မားနေပါတယ် ။ တစ်ဂိုးသွင်းရင် ကြေးအပြည့်စားရမဲ့ မန်ယူဘော်ဒီကို ထိုးသားအများစု ရွေးချယ်လာနိုင်တာကြောင့် ဒီပွဲစဥ်ဟာ မန်ယူဘော်ဒီရွေးချယ်ဖို့ အန္တရယ်များပါတယ် ။ လူတိုင်းရွေးချယ်လာနိုင်တဲ့ မန်ယူအသင်းက အမှတ်ပေးသွားနိုင်သလို ပေါက်ကြေးကလည်း သရေတစ်ပေါက်ရှိနေတာကြောင့် မန်ယူအသင်းကို ဆန့်ကျင်ရမှာ ဖြစ်ပါတယ် ။ ဒီပွဲစဥ်မှာ အရမ်းဟော့လာနိုင်တဲ့ မန်ယူအသင်းကို ဆန့်ကျင်ရမှာ ဖြစ်ပြီး ဘယ်သူမှ မကြိုက်တဲ့ လက်စတာအသင်းကို ရွေးချယ်ပေးချင်ပါတယ် ။
အသလက်တီကို Vs ဘာစီလိုနာ
လာလီဂါအမှတ်ပေးဖလားကို ရီးရဲ ၊ တီကိုနဲ့ ဘာစီလိုနာအသင်းတို့ အပြိုင်ကြိုးစားနေကြပြီး နောက်ဆုံးပွဲစဥ်အထိ စောင့်ကြည့်ရမဲ့ ဖလားပြိုင်ပွဲဖြစ်ပါတယ် ။ ဒီရာသီမှာ တီကိုအသင်းက ရီးရဲအသင်းကို နှစ်ကျော့လုံး သရေကစားနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းကို အဝေးကွင်းကနေ အနိုင်ရအောင် ကစားပြထားပါတယ် ။ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့ တီကိုအသင်းအနေနဲ့ လာလီဂါအမှတ်ပေးဖလားနဲ့ ကိုပါဒယ်ရေး ဖလားနှစ်လုံးသာ ကျန်ရှိတော့တာ ဖြစ်တဲ့အတွက် ဖလားတစ်လုံးကိုတော့ အသည်းအသန်အားထုတ်ကစားလာနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ ဘာစီလိုနာအသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ် ။ ဘာစီလိုနာအသင်းအနေနဲ့ ပထမအကျော့က အိမ်ကွင်းပွဲမှာ ရှုံးနိမ့်ခဲ့သလို ဖလားပွဲမှာလည်း သရေကျခဲ့တာကြောင့် အခုကစားရမဲ့ အဝေးကွင်းပွဲမှာ အနိုင်ရဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး ။ ဘာစီလိုနာအသင်းက ပြားငါးဆယ်အရှုံး ပြန်ပေးထားတယ်ဆိုပေမဲ့ သရေရလဒ်နဲ့သာ ပွဲပြီးနိုင်တာကြောင့် အောက်အသင်းဖြစ်တဲ့ တီကိုအသင်းကိုပဲ ရွေးချယ်ရမယ် ထင်ပါတယ် ။ ဘာစီလိုနာအသင်း ခြေစွမ်းကောင်းနေတာ မှန်ပေမဲ့ သရေကျရင် ပြားငါးဆယ်အနိုင်ရမဲ့ အိမ်ရှင်တီကိုအသင်းကို ရွေးချယ်ပေးချင်ပါတယ် ။