
၁၆.၃.၂၀၂၅
Written by Hey Mar
လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာက ယောက်ျားဖြစ်သူက ဓားနဲ့ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ မတ်လ ၁၁ ရက်နေ့ သန်းခေါင်ယံအချိန် ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္နရလမ်းရှိ နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့ဖြစ်စဉ်မှာ ကျူးလွန်သူက ဒီနေ့ မနက်ပိုင်းမှာ ကိုယ်တိုင်လာရောက်အဖမ်းခံတယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မတ်လ ၁၁ ရက်နေ့ ညမှာ လင်မယားနှစ်ယောက် အရက်မူးပြီး စကားများရာက ယောက်ျားဖြစ်သူက ဓားနဲ့ရန်ပြုရာမှာ မလင်းလင်းကျော်ရဲ့ ပေါင်ကိုထိုးမိပြီး အဲ့ဒီပြတ်ရှဒဏ်ရာကနေ သွေးထွက်လွန်ကာ သန်းခေါင်ကျော် ၁၂ ရက်နေ့ မနက်အစောပိုင်းက ဆေးရုံရောက်ရှိပြီး ကုသမှုခံယူစဉ် အရုဏ်တက်ချိန်မှာ သေဆုံးတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရှိရပါတယ် ။

သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၁ နှစ်ဝန်းကျင်၊ မလင်းလင်းကျော်(ခ) Pal Pal ဖြစ်ပြီး၊ ဖြစ်ပြီး သားငယ်နှစ်ဦးရဲ့ မိခင်လည်း ဖြစ်ကာ ပဲခူးမှာ (Pal Pal ) ရေခဲမုန့် ဖာလူဒါဆိုင် ဖွင့်လှစ်ရောင်းချသူလို့ သိရပါတယ်။
သေဆုံးသူတို့ လင်မယားက လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ကွာရှင်းထားပြီးမှ ပြန်လည်ပေါင်းသင်းနေထိုင်ကြတာလည်းဖြစ်ကာ ကျူးလွန်သူ အောင်မြင့်မြတ်က ပဲခူးမြို့ရှိ ရွှေဟင်္သာရေခဲမုန့် လုပ်ငန်းရဲ့ သားဖြစ်သူလို့ သိရပါတယ်။
သေဆုံးသူကို မတ်လ ၁၁ ရက် မနက် ၁၀ နာရီက ဆင်ဖြူကွင်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကာ ကွယ်လွန်ချိန်မှာ သုံးနှစ်အရွယ် သားငယ်နဲ့ Grade-4 တက်မယ့် သားငယ်နှစ်ဦး ကျန်ရစ်တယ်လို့ သိရပါတယ်။