


၁၆.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်ဦးဆောင်တဲ့အစိုးရက ရုရှားအစိုးရနဲ့ တရုတ်အစိုးရတို့ရဲ့ သတင်းအချက်အလက် ထိုးစစ်ဆင်မှုတွေကို တုံ့ပြန်ဖို့အရေးကြီးတယ်လို့ ယူဆခဲ့ကြတဲ့ VOA နဲ့ အခြားသော အမေရိကန်အစိုးရငွေကြေးထောက်ပံ့နေတဲ့ သတင်းဌာနတွေကို အကူအညီပေးမှု ရပ်ဆိုင်းပြီးဒီသတင်းဌာနတွေက သတင်းစာဆရာတွေကို ခွင့်ပေးထားခဲ့ဖို့ မတ်လ ၁၅ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။
VOA (Voice of America), RFA(Radio Free Asia) , RFE(Radio Free Asia) နဲ့ အခြားသောသတင်းဌာနတွေက ရာနဲ့ချီတဲ့သတင်းထောက်တွေနဲ့ ဝန်ထမ်းတွေဟာ ရက်သတ္တပတ်ကုန်မှာ လက်ခံရရှိခဲ့တဲ့ အီးမေးလ်မှာ သူတို့ကို သတင်းဌာနရုံးတွေအတွင်း ဝင်ရောက်ခွင့်ပေးတော့မှာမဟုတ်ဘဲ သတင်းဌာနတွေက ကတ်တွေ၊ ရုံးကထုတ်ပေးထားတဲ့ ဖုန်းတွေနဲ့ တခြားကိရိယာတွေကို ပြန်လည်အပ်နှံသင့်ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။
USAID အကူအညီပေးရေးအေဂျင်စီနဲ့ ပညာရေးဌာနကိုပါဖျက်သိမ်းခဲ့တဲ့ သမ္မတထရမ့်ပ်က ဖက်ဒရယ်ဗျူရိုကရေစီအတွက် မရှိမဖြစ်လိုအပ်နေတာမဟုတ်ဘူးလို့ဆုံးဖြတ်ထားတဲ့ VOA, RFA နဲ့ RFE သတင်းဌာနတွေကို ကြီးကြပ်ကွပ်ကဲရတဲ့ US Agency for Global Media ကို ဖျက်သိမ်းတဲ့အမိန့်ကို မတ်လ ၁၄ ရက်ကထုတ်ခဲ့ပါတယ်။
US Agency for Global Media ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ထရန့်ထောက်ခံသူနဲ့ ရုပ်မြင်သံကြား သတင်းကြေညာသူဟောင်း Kari Lake ကပြည်ထောင်စုအစိုးရရဲ့ ထောက်ပံ့ငွေတွေက အေဂျင်စီတွေအပေါ် ဦးစားပေးမှုကိုလိုက်ပြီးဆောင်ရွက်နေတယ်လို့ ပြောခဲ့သေးတာပါ။
အိမ်ဖြူတော် သတင်းမီဒီယာတာဝန်ရှိသူဖြစ်တဲ့ Harrison Fields က လူမှုကွန်ရက် X မှာ ဘာသာစကားအမျိုး ၂၀ နဲ့ ‘နှုတ်ဆက်ပါတယ်’ လို့ ထေ့ငေါ့သလို ပြောခဲ့ပါတယ်။
စစ်အေးတိုက်ပွဲအချိန်တုံးက ဆိုဗီယက်ပြည်ထောင်စု ကို တိုက်ခိုက်ဖို့ စတင်ခဲ့တာဖြစ်တဲ့ RFE သတင်းဌာန အကြီးအကဲကတော့ ထရမ့်ပ်ရဲ့ ခုလို သတင်းဌာနတွေကို ငွေကြေးထောက်ပံ့မှုဖျက်သိမ်းခဲ့တာကို အမေရိကန်ပြည်ထောင်စုရဲ့ ရန်သူတွေအတွက်တော့ ကြီးမားတဲ့လက်ဆောင်တစ်ခုလို့ ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ မီဒီယာတွေအနေနဲ့ စစ်အေးကာလ ပြီးချိန်ကစလို့ ဦးတည်ချက်တွေ ပြောင်းလာခဲ့ကြပြီး ဥရောပအလယ်ပိုင်းနဲ့အရှေ့ဥရောပနိုင်ငံတွေဆီ ဦးတည်တဲ့ အစီအစဉ်တွေကို လျှော့ချခဲ့ကြပါတယ်။ ဒီလိုပဲ ရုရှားနဲ့တရုတ်ကိုအလေးထားတဲ့အစီအစဉ်တွေကိုလည်း လျှော့ချခဲ့ကြပါတယ်။
၁၉၉၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ လွတ်လပ်သောအာရှရေဒီယို- RFA သတင်းဌာနဟာ တရုတ်၊ မြန်မာ၊ မြောက်ကိုရီးယားနဲ့ဗီယက်နမ်နိုင်ငံတို့အပါအဝင် အခမဲ့မီဒီယာမရှိတဲ့နိုင်ငံတွေကို သတင်းအချက်အလက်အကြောင်းအရာ မှန်မမှန် စိစစ်ခြင်းမရှိဘဲ အစီအစဉ်တွေ ဆင်ဆာမဲ့ထုတ်လွှင့်နေတာပါ။
ဒီသတင်းဌာနတွေက အမေရိကန်အစိုးရရဲ့ ထောက်ပံ့မှုရနေပေမယ့် လွတ်လပ်စွာ တင်ပြမှုအတွက် အာမခံချက်နဲ့အတူ ပေးပို့လာမှုတွေက ကိုယ့်အချက်အလက်ကာကွယ်တဲ့ Firewall စနစ်လည်းရှိပါတယ်။ မီဒီယာတွေရဲ့ မူဝါဒအပေါ် ဆန့်ကျင်လာတဲ့ ထရမ့်ပ်ကတော့ ပထမအကြိမ်သမ္မတသက်တမ်း ကတည်းက အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတ့မီဒီယာတွေအနေနဲ့ သူ့ရဲ့ မူဝါဒတွေကို တိုးမြှင့်ဆောင်ရွက်သင့်တယ်လို့ပြောခဲ့ပြီး မကျေမနပ်ဖြစ်နေခဲ့တာပါ။
Ref- Bangkok Post