




၁၆.၃.၂၀၂၅
Written By Thandar
သရုပ်ဆောင်စည်ဖြိုးရဲ့ မိခင် ဒေါ်သီသီဝင်းရဲ့အသက် ၆၃ နှစ်ပြည့် မွေးနေ့ စတုဒိသာအလှူ မင်္ဂလာအခမ်းအနားကို မတ်လ ၁၅ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဇဝနရပ်ကွက် သီရိဟေမာလမ်းရှိ ရပ်ကွက်နေပြည်သူတွေကို လူအယောက် ၂၀၀၀ ကျော်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
“အန်တီ့မွေးနေ့ အလှူလေးကို လာရောက်ပြီး အားရပါးရ စားသုံးကြတာမြင်တော့ အရမ်းကိုပီတိဖြစ်ရပါတယ်။ အန်တီအနေနဲ့ ထမင်းနဲ့ ဟင်း ၅ ရက်ဆက်တိုက် စတုဒိသာကျွေးမယ်။ ဒီကျွေးဖို့အတွက်လည်း ချက်ပြုတ်တဲ့သူတွေ သိန်း ၃၀၀ ပေးထားတယ်။ တကယ်လည်း ပီတိဖြစ်မိပါတယ်။ ခုလိုရှားပါးနေချိန်မှာ ရှိတဲ့သူတွေရော မရှိတဲ့သူတွေရော အကုန်လာစားကြလို့ ဝမ်းသာမိတယ်”လို့ ဒေါ်သီသီဝင်းက ပြောပါတယ်။
သူမရဲ့ စတုဒိသာမွေးနေ့အလှူမှာ ကြက်ပေါင်းနဲ့သရက်ချဉ်သုပ် လူအယောက် ၂၀၀၀ ကျော်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ အဆိုပါ စတုဒိသာအလှူ အစီအစဉ်ကိုတော့ မတ်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ ၅ ရက်တိုင်တိုင် ထမင်းနဲ့ဟင်းလျာတွေနဲ့ ကျွေးမွေးဧည့်ခံမှာဖြစ်ပါတယ်။




မွေးနေ့အလှူအဖြစ် ဒီနေ့ မတ်လ ၁၆ ရက်မှာ ဝက်သားနီချက်နဲ့ အချဉ်ဟင်း၊ မတ်လ ၁၇ ရက်မှာ ငါးကြင်းကြော်နပ်နဲ့ ပဲဝါလေးဟင်းချို၊ မတ်လ ၁၈ ရက်မှာ ဘဲဥ (ဆီပြန်) နဲ့ ငံပြာရည်ကြော်၊ မတ်လ ၁၉ ရက်မှာ ကြက်ပေါင်နဲ့ သစ်သီးစုံ ပဲကုလားဟင်းတို့နဲ့ ဆက်လက်ဧည့်ခံကျွေးမွေးမှာဖြစ်ပါတယ်။