
၁၅. ၃. ၂၀၂၅
Written by Nay Moe
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကစ TNLA လက်နက်ကိုင်တွေ နယ်မြေလုယက် အုပ်ချုပ်နေတဲ့ မိုးကုတ်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးကြီးတစ်ဦးကို မတ်လ ၁၂ ရက်မှာ TNLA ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
ဖြစ်စဥ်က မတ်လ ၁၂ ရက်မှာ TNLA ရဲတွေဟာ မြို့အတွင်းကင်းလှည့်နေချိန် အမျိုးသမီးတစ်ဦးက မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်လို့ သတင်းရရှိတာကြောင့် နေအိမ်ကို သွားရောက်စစ်ဆေးရာမှာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ တရားခံအမျိုးသမီးက အသက်(၆၃)နှစ်အရွယ် ဒေါ်မေရူဆိုသူဖြစ်ပြီး သူမအင်္ကျီထဲက ဘိန်းဖြူ ဆပ်ပြာခွက် (၄)ခွက်နဲ ဗူးအသေး (၁၄)ဗူးကိုပါ ဖမ်းမိခဲ့တာပါ။
ဒေါ်မေရှုဟာ မိုးကုတ်မြို့၊ ရှောလီဝိုင်အုပ်စု၊ တာယာကုန်းရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုကလည်း TNLA အုပ်ချုပ်ပြီးချိန်ကစရောင်းလို့ ရောင်းသက် ၂ လ သာရှိသေးတယ်လို့ ထွက်ဆိုခဲ့တယ်လို့ TNLA ထုတ်ပြန်မှုအရ သိရပါတယ်။