
MT news
၁၅.၃. ၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ရထားတွဲပေါ်က လျှပ်စစ်မီးကြိုးဖြတ်တောက် ခိုးယူသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်း ဘူတာဝင်းအတွင်း ရထားရဲတပ်ဖွဲ့ခွဲ (၁၃)မှ တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်နေစဉ် သံလမ်း အမှတ်(၁၇)အရောက်၌ ရပ်တန့်ထားသော လူစီးရထားတွဲပေါ်မှ မီးကြိုးများအား သိမ်ဖြူရထားရပ်ကွက်နေ စိန်ဦးသွင်(၂၂)နှစ်မှ ဖြတ်တောက်ခိုးယူနေသည်ကို တွေ့ရှိဖမ်းဆီးရမိသည်ဟု သိရသည်။
ထို့ကြောင့် စိန်ဦးသွင်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် (ပ)၁၈၉/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။