
၁၅.၃. ၂၀၂၅
Written by Nyein Kyaw
၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် နှစ်ချုပ်စာရင်းများ ဆောင်ရွက်ရန်အတွက် ကနဦးယာဉ်မှတ်ပုံတင်ကြေးအား PO နှင့် ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းများကို မတ်လ ၁၆ ရက်မှ ၃၁ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အသိပေးကြေညာထားသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်အခငွေများကို ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)နှင့် ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (မန္တလေး)တို့တွင် လက်ခံဆောင်ရွက်ပေးခြင်းဖြစ်သည်။
၂၀၂၄-၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် မတ်လတွင် နှစ်ချုပ်စာရင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းနှင့်ဌာနစာရင်း ကိုက်ညီမှုရှိစေရေးအတွက် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်အခငွေများကို PO၊ ဘဏ်ငွေသွင်းချလန်ဖြင့် လက်ခံဆောင်ရွက်ခြင်းအား ယခုမတ်လ ၂၅ ရက်ထိသာ လက်ခံဆောင်ရွက်ပေးမည်သည်။
လုပ်ငန်းဆောင်ရွက်သူများ အဆင်ပြေမှုရှိစေရန် မတ်လ ၂၆ ရက်မှ မတ်လ ၃၁ ရက် နံနက် ၁၂ နာရီအထိ ငွေသားဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး လာမည့် ဧပြီလ ၁ ရက်မှစ၍ ကနဦးယာဉ်မှတ်ပုံတင်ခများ ပေးသွင်းခြင်းအား PO နှင့် ဘဏ်ငွေသွင်းချလန်တို့ဖြင့် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အသိပေးကြေညာထားသည်။