၁၉.၁.၂၀၂၃
Written by Pan Ei
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား အရှေ့ပိုင်းက ကမ္ဘာ့အအေးဆုံးမြို့ Yakutsk ရဲ့ အပူချိန်ဟာ အနှုတ် ၆၂ ဒသမ ၇ ဒီဂရီ စင်တီဂရိတ် (အနှုတ် ၈၀ ဒသမ ၉ ဒီဂရီဖာရင်ဟိုက်) အထိ ကျဆင်းသွားခဲ့ပြီး ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အအေးဆုံးဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
Yakutsk မြို့ရဲ့ အရင်က အနှုတ် ၅၀ ဒီဂရီစင်တီဂရိတ် (အနုတ် ၅၈ ဒီဂရီဖာရင်ဟိုက်) စံချိန်တင်ပြီးတဲ့နောက် နှစ်ရက်အကြာမှာ အခုလို ထပ်မံကျဆင်းလာခဲ့တာပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အအေးဆုံးနေရာတွေထဲက တစ်ခုအနေနဲ့ သတ်မှတ်ခံထားရတဲ့ ဆိုက်ဘေးရီးယား အရှေ့ဘက်မှာရှိတဲ့ Yakutsk မြို့ဟာ ပုံမှန်မဟုတ်တဲ့ အအေးလွန်ကဲမှုဒဏ်ကို ကြာရှည်စွာခံစားနေရပြီး ရုရှားနိုင်ငံမှာရှိတဲ့ ဒေသအများအပြားမှာ အပူချိန် ကျဆင်းနေမှုတွေကို စံချိန်တင် ကြုံတွေ့နေရပါတယ်။
နေထိုင်သူ လူဦးရေ ၁ သန်းပင် မရှိတဲ့ Yakutsk မြို့ရဲ့ ဆောင်းရာသီအအေးဓာတ်ဟာ ရုရှားနိုင်ငံရဲ့အအေးချိန် စံနှုန်းတွေထက်ကို လွန်ကဲနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
Ref; CNN