
ပုံစာ-ရန်ကုန်မြို့တော်ခန်းမအရှေ့မှာ ရေကစားမဏ္ဍပ် ကြိုတင်ဆောက်လုပ်နေမှုကို ယနေ့ တွေ့ရစဉ်။
၁၅. ၃. ၂၀၂၅
Photo by Ye Kyaw
ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမအရှေ့မှာ ရေကစားမဏ္ဍပ် ကြိုတင်ပြင်ဆင် ဆောက်လုပ်နေပြီဖြစ်ပါတယ်။


၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ ယူနက်စကို (UNESCO)က မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရပြီး ပထမဆုံးကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကျင်းပဖို့ကလည်း တစ်လခန့်သာလိုတော့တာဖြစ်လို့ ယခင်နှစ်တွေထက် အချိန်ပိုစောပြီးကြိုတင်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

