
၁၅.၃.၂၀၂၅
Written By Thandar
ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ်တွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးသံရှင် ပိုပိုကတော့ အသက်ကြီးလာတော့ ချစ်သူကို မြန်မာတစ်နိုင်ငံလုံးပတ်ပြီးရှာချင်တယ်လို့ ရင်ဖွင့်လာပါတယ်။
သူမကတော့ “I’wanna be your’s girlfriend” ငါ့က မင်းကောင်မလေးဖြစ်ချင်တယ် Music Video သီချင်းသစ် မိတ်ဆက်ပွဲမှာ ပြောဆိုခဲ့တာပါ။




“I wunna be your girlfriend” ငါ့က မင်းကောင်မလေးဖြစ်ချင်တယ်။ ခေါင်းစဉ်လေးပေးထားတာပါ။ မန္တလေးသား ရည်းစားတော့ ရှာရတော့မှာပေါ့။ သီချင်းလေးရဲ့ အဓိပ္ပါယ်အရကို ပြောတာပါ။ ပိုပိုကတော့ ချစ်သူကို တစ်နိုင်ငံလုံးကို ပတ်ပြီးတော့ ရှာချင်တာပါ။ Official ပါပဲ။ အသက်ကြီးလာလို့ဖြစ်မှာပါ။ အရင်ကဆိုရင် ပိုပိုအနေနဲ့ လက်ကောက်ကွင်းတွေ အမဲတွေ လုံးဝ Rocker လုပ်ချင်ခဲ့တာလေ။ အသက်ကြီးလာလို့လားမသိဘူး၊ နူးညံ့မိန်းမဆန်ပြီးချစ်စရာကောင်းတဲ့ ပုံလေးတွေ ကြိုက်လာတယ်။ နေချင်တယ်”လို့ အဆိုတော် ပိုပိုကပြောပါတယ်။



သူ့မရဲ့ သီချင်းက မန္တလေးသားတွေကို ဖော်ကြူးပြီး ရေးသားထားတာကို Music Video မှာလည်း ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မန္တလေးသားဖြစ်တဲ့ သရုပ်ဆောင်အလင်းရောင်နဲ့ ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်။
“အလင်းရောင်က အပြင်မှာလည်းမိုက်တယ်လေ။ 6 Packs လား မသိဘူး ရှိတယ်။ ရင်ဘတ်ကလည်းပေါင်မုန့်လိုလား၊ ဘာလား အဲဒီလိုရှိတယ်လေ။ ကိုယ်က MV ရိုက်တာဆိုတော့ ကိုင်ကြည့်လို့ရတာပေါ့”လို့ သူမကဆက်ပြောပါတယ်။