
၁၄. ၃. ၂၀၂၅
Written by Nay Moe
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ နစကအစိုးရဟာ သယံဇာတခိုးထုတ်မှုတွေ ချေမှုန်းတော့မယ်အသိပေးပြီးမကြာခင် မြိုင်နဲ့ပေါက်နယ်စပ်က ရေနံခိုးထုတ် ပြည့်တန်ဆာတန်းဖွင့်ထားတဲ့ မြိုင် PDF တွေကို လေကြောင်းတိုက်ခိုက်ခဲ့သလို ဒီနေ့မှာလည်း မန္တလေး PDF တွေ ထိန်းချုပ်၊ ခိုးထုတ်အခွန်ကောက်နေတဲ့ ရွှေလုပ်ကွက်နဲ့ ဒီရွှေလုပ်ကွက်စျေးတန်းရှိရာ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို လေကြောင်းတိုက်ခိုက်မှုပြုခဲ့လို့ အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့ပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက စဉ့်ကူးမြို့နယ်ကို မန္တလေး PDF က သိမ်းထားပြီး တရားမဝင်ရွှေခိုးယူတူးဖော်မှုလုပ်ငန်းကို အခွန်ချုပ်ကိုင် ဆက်လက်လည်ပတ်နေသလို စဉ့်ကူးမြို့နယ်၊ လက်ပံလှရဲစခန်းကိုလည်း PDF တွေ ထိန်းချုပ်ထားလို့ မတ်လ ၄ ရက်နေ့ကလည်း ရဲစခန်းနေရာ တည့်တည့် ဗုံးကြဲ တိုက်ခိုက်တာကြောင့် PDF တွေ သေဆုံးမှုရှိခဲ့ပြီး အနည်းဆုံး ၆ ဦး သေပါတယ်။

ဒီနေ့ မတ်လ ၁၄ ရက် နေ့လယ် ၃ နာရီမှာလည်း မန္တလေး PDF တွေ ဆက်ကြေးကောက် ရွှေတူးမှုရဲ့ အရင်းအမြစ် ရှိရာ လက်ပံလှရွာစျေးတန်းကို ဗုံးကြဲခဲ့မှုမှာ အနည်းဆုံး ၂၇ ဦး သေပြီး ၃၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က အတည်ပြုခဲ့သလို ထုတ်ပြန်တဲ့ ပုံတိုင်းမှာလည်း မန္တလေး PDF တွေရဲ့ လက်နက်ကိုင်ပုံရိပ်များစွာ ပါဝင်နေတာ တွေ့ရပါတယ်။
