




၁၄. ၃. ၂၀၂၅
Photo Tha Doe
တပေါင်းလပြည့် ပိတ်ရက်ရှည် ၁၃ ရက်ကနေ ၁၆ ရက်အထိ ကာလမှာ လွတ်လပ်အေးချမ်းစွာနေထိုင်ချင်တဲ့ မြန်မာပြည်သူတွေက သွားလို့ရတဲ့ဒေသကို အပျော်ခရီး သွားကြသလို ရန်ကုန်ကနေ အကြောင်းအမျိုးမျိုးကြောင့် ခွာမရတဲ့လူငယ်တွေအတွက်လည်း ပျော်ပျော်ပါးပါးနွှဲလို့ရမယ့် စျေးပွဲတော်လေးတွေ နေရာအချို့မှာ ကျင်းပနေပါတယ်။
ဒီအထဲကမှာ ရန်ကုန်မြို့လယ်လို့ဆိုရမယ့် မြေနီကုန်းက ဒဂုန်စင်တာမှာ နွေကြိုနွှဲပျော် ဒဂုန်စင်တာစျေးပွဲတော် ကျင်းပနေပြီး မနက်ဖြန် မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ပီဇာစားပြိုင်ပွဲဲကြီးထည့်သွင်းကျင်းပမှာဖြစ်သလို ဖျော်ဖြေရေးနဲ့ စျေးဆိုင်တွေလည်း ခင်းကျင်းပြသနေပြီး လူငယ်တွေက ဖျော်ဖြေရေးစင်တာမှာ ပျော်ရွှင်စွာပါဝင်နွှဲနေပါတယ်။







Times City မှာဆိုရင်လည်း “The Street ဆန်းမားဈေးပွဲ”ဈေးရောင်းပွဲတော်ကြီး ကျင်းပနေပြီး Teddy Bear အရုပ်ကြီးတွေကို ကံစမ်းမဲဖောက်ပေးမှာ၊ ကျပ် တစ်သောင်းဖိုးနဲ့အထက် ဝယ်ယူထားတဲ့ ဘောင်ချာကို ပြပေးရုံနဲ့ “The Street Event Information Counter နေရာမှာ လာရောက် မဲနှိုက်ထုတ်ယူနိုင်တာ စတဲ့အစီအစဥ်တွေ၊ ဖျော်ဖြေရေးတွေ၊ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်က မနက် ၉ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ရောင်းချမှုနဲ့ မတ်လ ၁၆ ရက်နေ့အထိ ကျင်းပနေပါတယ်။