



၁၄.၃.၂၀၂၅
Written By Thandar
အဆိုတော် ဖြိုးကြီး@ဖြိုးမြင့်ငွေနဲ့ ချစ်သူ မခိုင်မိုမိုသဲတို့ရဲ့ မင်္ဂလာ ဆွမ်းကျွေးအလှူကို ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ မင်္ဂလာလက်မှတ်ကတော့ ပြီးခဲ့တဲ့ ၆ ရက်နေ့က ထိုးခဲ့ကြတာပါ။ ဒီနေ့က နှစ်ဖက်မိဘနဲ့ နောက်ပြီးတော့ ရင်နှီးတဲ့ မိတ်ဆွေနည်းနည်းပါးပါးနဲ့ ဆွမ်းလေးကပ်တာပါ။ မင်္ဂလာပွဲလေး အထမြောက်သွားအောင်ပါ။ ဒီ ဆွမ်းကျွေးအလှူလေးကို ဝိုင်းဝန်းကူညီကြလို့ ကျေးဇူးတင်ပါတယ်”လို့ အဆိုတော် ဖြိုးကြီးက ပြောပါတယ်။
အဆိုပါ မင်္ဂလာအခမ်းအနားကိုတော့ အနုပညာရှင်များဖြစ်ကြတဲ့ စည်သူလွင်၊ ဖိုးကာ၊ စောခူဆဲ၊ ဂျေမောင်မောင်၊ မျိုးကျော့မြိုင်၊ ဇော်ပိုင်၊ ဂျီလတ်၊ သားစိုး၊ ဂရေဟမ်၊ ဟဲလေး၊ နေမင်းအိမ်၊ ချောစုခင်၊ ဆန်းထွဋ်၊ ပန်းရောင်ခြယ်၊ လိမ္မော်သီး၊ ချမ်းမြေ့မောင်ချို စတဲ့သူတွေ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။
” ချစ်သောအကိုနဲ့ညီမမိုသဲတို့ ဇနီးမောင်နှံ ယနေ့ကျရောက်သော မင်္ဂလာရက်မြတ်မှသည် ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့ကြပါစေ”လို့ ညီမဖြစ်သူ အဆိုတော်ယုဇနက ပရိသတ်သိအောင် ဖွင့်ဟလာပါတယ်။