
၁၄.၃.၂၀၂၅.
Translated by Htwe Ko Tun
ဥရောပတိုက်မှာ အကြီးဆုံးကားကုမ္ပဏီကြီးဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ နာမည်ကျော်မော်တော်ကားထုတ်လုပ် ရေး ကုမ္ပဏီကြီးဖြစ်တဲ့ ဗောက်စ်ဝက်ဂန်က စားသောက်ဆိုင်တွေနဲ့ ကုန်တိုက်ကြီးတွေဆီ သူ့ကုမ္ပဏီက ထုတ်လုပ်တဲ့ ဝက်အူချောင်းကို တင်သွင်းရောင်းချခဲ့ရာမှာ ၂၀၂၄ ခုနှစ်မှာတော့ ဝက်အူချောင်းအလုံးရေ ၈ ဒသမ ၅ သန်းကျော်အထိ မမျှော်လင့်ဘဲရောင်းချရကာ အရောင်းစံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
ဗောက်စ်ဝက်ဂန်က ထုတ်လုပ်တဲ့ ဝက်အူချောင်းဟင်းလျာက ၂၀၂၃ ခုနှစ်မှာလည်း ရည်မှန်းချက်ထက် အလုံးရေ ၂၀၀,၀၀၀ ခန့် ပိုရောင်းရပြီး စံချိန်တင်ခဲ့ရာက ၂၀၂၄ ခုနှစ်မှာတော့ ဒီစံချိန်ကိုထပ်မံချိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောခဲ့ပါတယ်။


ဗောက်စ်ဝက်ဂန် ရဲ့ လူသားအရင်းအမြစ်အရာရှိချုပ် ဂန်နာ ကီလီယန်ကလည်း ဗောက်စ်ဝက်ဂန်ဟာ မော်တော်ကားတွေလိုပဲ ဝက်အူချောင်းတွေကို ရောင်းနေရတယ်လို့ LinkedIn အင်တာနက်ပလက်ဖောင်းမှာရေးခဲ့ပါတယ်။
ဒါပေမယ့် ဗောက်စ်ဝက်ဂန် ထုတ် ဝက်အူချောင်းတွေရောင်းချရမှုက တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခဲ့ပေမယ့် ကုမ္ပဏီထုတ်ကားတွေကတော့ ၂၀၂၄ ခုနှစ်မှာ ကားတံဆိပ်မျိုးစုံအတွက် အရောင်းအား ၂ ဒ သမ ၃ ရာခိုင်နှုန်းကျဆင်းပြီး ကားစင်းရေ ၉ ဒသမ ၀၃ သန်းကျော်ပဲရောင်းခဲ့ရတယ် ဆိုပါတယ်။
ဒါကြောင့်လည်း ဗောက်စ်ဝက်ဂန် ကုမ္ပဏီအတွက် ၂၀၂၄ ခုနှစ်မှာ ကားရောင်းရခြင်းမှ အမြတ်ငွေဟာ ၃၀ ရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်။ ဒါ့ပြင် လျှပ်စစ်ကားထုတ်လုပ်မှုမှာလည်းကုမ္ပဏီအနေနဲ့ အမေရိကန် လုပ်နဲ့ တရုတ်လုပ် လျှပ်စစ်ကားတွေကို ဈေးကွက်မှာယှဉ်ပြိုင်နေရတာပါ။
Ref- Yahoo