




၁၃. ၃. ၂၀၂၅
Translated by Thettant
အမေရိကန်နဲ့ အနောက်အုပ်စုတွေက NUG နဲ့ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကူညီတိုက်ခိုက်ဖို့ ပြည်ပနိုင်ငံသားတွေ လက်နက် ကိုင်ဖွဲ့စည်းထားတဲ့ Free Burma Ranger အဖွဲ့က ဆေးမှူး နော်စေးမူးဖော အပါအဝင် ဆေးမှူးနှစ်ဦးဟာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့တယ်လို့ FBR က ထုတ်ပြန်ထားပါတယ်။
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်က ကျေးရွာတွေမှာ လှည့်လည်နေတဲ့ FBR နဲ့ PDF တွေကို မတ်လ ၈ ရက်မှာ လေကြောင်းတိုက်ခိုက်လိုက်တာဖြစ်ပြီး ဒီဗုံးကြဲခံရမှုကြောင့် ဆေးမှူးတစ်ဦး နေရာမှာ သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့သလို အသက် ၂၅ နှစ်အရွယ် နော်ဆေးမူးဖောက ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေရပြီး မတ်လ ၁၀ ရက်မှာ သေဆုံးသွားတာပါ။ ဒီလိုသေဆုံးမှုအပေါ် တုန်လှုပ်ဝမ်းနည်းရတယ်လို့လည်း FBR က ထုတ်ပြန်ပါတယ်။
ထန်းတပင်မြို့နယ်ဒေသခံ နော်ဆေးမူးဖောဟာ Jungle School of Medicine Kawtholei (JSMK)သင်တန်းကို ၂၀၂၃ ခုနှစ်မှာ တက်ရောက် ပြီးဆုံးခဲ့ပြီးနောက် ထန်းတပင်မြို့နယ်ရှိ Hu Mu Del Clinic မှာ ဆေးမှူးဖြစ်လာခဲ့သလို FBR နဲ့အတူ တောင်ငူခရိုင်အတွင်းက ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့အတူ တိုက်ပွဲဝင်ဆေးတပ်သားဖြစ်လာခဲ့ရာက အခုတော့ တိုက်ပွဲမှာ သေဆုံးသွားတာပါ။
ပုံစာ- သေဆုံးခဲ့သည့် ဆေးမှူး နော်ဆေးမူးဖော၏ ရှင်သန်စဥ်မြင်ကွင်းနှင့် မြုပ်နှံထားမှု (ဓါတ်ပုံ- Free Burma Ranger (FBR))