




၁၃. ၃. ၂၀၂၅
Photo by Ye Kyaw
ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ရှိ Baby City Outdoor Area မှာ “အတူဆင်နွှဲပျော် တပေါင်းပွဲတော်” တပေါင်းလပြည့်ည ဈေးပွဲတော်ကြီးကို တပေါင်းလပြည့် မတ်လ ၁၃ ရက် ဒီနေ့မှစပြီး မတ်လ ၁၆ ရက်နေ့ထိ လေးရက်တိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါ ဈေးပွဲတော်မှာ Unplugged သီဆိုဖျော်ဖြေမှုတွေ၊ မျက်လှည့်၊ ဆက်ကပ်ပညာရှင်တွေနဲ့ ဂိမ်းအစီစဉ်တွေအများကြီး ပါဝင်မှာဖြစ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာသူတွေ၊ အပန်းဖြေလာသူတွေနဲ့ ဈေးဝယ်လိုသူတွေအတွက် စီစဉ်ပေးထားတာဖြစ်ပါတယ်။
ဈေးပွဲတော်ကို မနက် ၉ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ပေးမှာဖြစ် လူသုံးကုန်အမျိုးမျိုး၊ ဖက်ရှင်အဝတ်အထည်များ၊ Fancy ဆိုင်များ၊ အရုပ်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြားဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၄၀ ဝန်းကျင်းနဲ့ စီစဉ်ပေးထားတာဖြစ်ပါတယ်။